ရွှေတောင်မြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရွှေတောင်မြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

 

%E1%81%82%E1%81%82

%E1%81%82%E1%81%83


ရွှေတောင် ဧပြီ- ၁၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သော  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန့်နေ့ ည ( ၈း၀၀) နာရီက ကျင်းပခဲ့သည်။

    အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ နှစ်သစ်ကူး ဆုတောင်းစကားပြောကြားပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဧည့်ခံဖျော်ဖြေပေးကြသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

    ဆက်လက်၍  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များက " မန်းတောင်ရိပ်ခို" သီချင်းဖြင့်ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ  စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages