ဒုတိယဝန်ကြီး ဦးဝင်းဖေနေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သည့် အိမ်ရာများနှင့် အဆောင်များ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပမှုအခြေအနေများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းဖေနေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သည့် အိမ်ရာများနှင့် အဆောင်များ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပမှုအခြေအနေများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ပညာသိဒ္ဓိရပ်ကွက်ရှိ ခရေအိမ်ရာ တိုက်အမှတ်(၅၆၊ ၅၇၊ ၅၈၊ ၅၉) ရှိ တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များ ရှင်းလင်းခြင်း၊ ချုံများခုတ်ထွင်ခြင်းနှင့် ရေမြောင်းများ ရှင်းလင်းခြင်း၊ ခြံစည်းရိုးအဟောင်း အပျက်များ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် (၆၁၁၃၊ ၃၃၇၀၊ ၃၃၇၁၊ ၃၃၇၂၊ ၃၃၇၈၊ ၃၃၇၉) အိမ်ရာများ၏ အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများကို နေချင့်စဖွယ်ဖြစ်အောင် သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေး ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်ရာစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ပြီး မသက်ဆိုင်သူများ လာရောက်နေထိုင်မှု မရှိစေရေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ လာရောက်တည်းခိုနေထိုင်ပါက ဧည့်စာရင်းတိုင်ကြားရန်လိုကြောင်း၊ အိမ်ရာဝန်းကျင်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန်အတွက် ဆောင်ရွက်ထားရန်လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အပျိုဆောင်၊ သပြေ (၂) အဆောင်(၁၊ ၂၊ ၃၊ ၄)တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)