၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလအတွက် ခွဲတမ်းရရှိသည့် ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလအတွက် ခွဲတမ်းရရှိသည့် ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

36


ချမ်းအေးသာစံ ဧပြီ ၉

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလအတွက် ခွဲတမ်းရရှိသည့် ယူရီးယား ဓာတ်မြေဩဇာများအား ဖြန့်ဖြူးပေးရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဧပြီလ (၈) ရက်နေ့ ညနေပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်နှင့် ကျောက်ဆည်ခရိုင်များမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်အောင်မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ဇန်နဝါရီလအတွက် ခွဲတမ်း ရရှိသည့် ယူရီးယားဓာတ်မြေဩဇာများကို တိုင်းဒေသကြီးအတွင်း နွေစပါးပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် ဆောင်ရွက်ထားရှိသည့် ဧရိယာများအနက် နွေစပါး ပန်းတိုင်အထွက်နှုန်း အမှန်တကယ် တိုးတက်ရရှိနိုင်မည့် စံပြစိုက်ခင်းများအတွက် ဖြန့်ဖြူးပေးနိုင်ရန်နှင့် ထိရောက်စွာ အသုံးချသွားနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပန်းတိုင် အထွက်နှုန်း ရည်မှန်းချက် ပြည့်မီရေး၊ သီးထပ်စိုက်ပျိုးခြင်းများအား ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ တော်၏ မူဝါဒများနှင့် ရည်မှန်းချက်များကို အပြည့်အဝအောင်မြင်အောင် စီမံခန့်ခွဲမှု စနစ်ကျစွာဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက မြေအမျိုးအစားပေါ် မူတည်၍ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာအချိုးကျ အသုံးပြုမှုအခြေအနေနှင့် စံပြကွက်များ ရွေးချယ်ဖော်ထုတ်ဆောင်ရွက် သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages