ငဖဲ ၊ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းက ပဒါန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန် များကို ငဖဲမြို့နယ် ပဒါန်းကျေးရွာအတွင်း ယာယီပြောင်းရွှေ့နေထိုင်လာသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ အိမ်ထောင်စုဝင်ပြည်သူတစ်ဦးလျှင် ဆန် ၆ ပြည်နှင့် ခေါက်ဆွဲခြောက် ၅ ထုပ်နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် ဆီ ၁ ပိဿာ၊ ဆား ၁ ပိဿာနှင့် ကုလားပဲ ၁ ပိဿာနှုန်းဖြင့် စစ်ဘေးရှောင်အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၃၈ ဦးတို့အား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment