တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၆ ခုနှစ် ၊ မြန်မာနှစ်ဆန်း(၁)ရက် ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၆ ခုနှစ် ၊ မြန်မာနှစ်ဆန်း(၁)ရက် ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားသို့တက်ရောက်










ထားဝယ်၊ ဧပြီ ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊  မြန်မာနှစ်ဆန်း(၁)ရက်ဇီဝိတဒါန ငါးလွှတ်ပွဲ ကိုယနေ့နံနက် ၇ နာရီ ကထားဝယ်မြို့၊ ဒေါင်းငူ/တံငါရပ်ကွက် ၊ ဆိပ်ကမ်းသာဘောတံတား၌ကျင်းပသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့်တာဝန် ရှိသူများတို့က ကကတစ်ငါးသားပေါက်ကောင်ရေ(၅၀၀၀)ကောင်အားဆိပ်ကမ်းသာဘောတံတားပေါ်မှ ထားဝယ်မြစ် အတွင်းသို့ ကုသိုလ်ပြု ဇီဝိတဒါနငါးလွှတ်ပေးခဲ့သည်။

ထို့နောက်အထက်သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကိုနံနက် ၉ နာရီအချိန်ကသာသနာ့ဗိမာန်တော်ကြီး ၌ ဆက်လက်ကျင်းပရာအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က အဘိုး အဘွားများအား ပူဇော်ကန်တော့ခြင်းအကြောင်းအမှာစကားပြောကြားပြီးဖိတ်ကြားထားသောဧည့်သည်တော်များ က အဘိုးအဘွား (၃၅)ဦးအားပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘိုး တစ်ဦးက ဝမ်းမြောက်စကားပြောကြားပြီး ဆုတောင်းမေတ္တာ ပို့သ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို နှင့် တာဝန်ရှိသူများ က အဘိုးအဘွားများအား အလှူငွေများ နှင့်ကန်တော့လက်ဆောင်ပစ္စည်းများပေးအပ်ကာ အဘိုးအဘွားများအား ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များ အဖွဲ့ က ကျန်းမာရေးဆေးစစ်ကုသပေးသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှကန်တော့ခံဘိုးဘွား(၃၅)ဦး နှင့်ထားဝယ်မြို့နယ်အတွင်းရှိအသက်(၉၀)နှစ်အထက်အဘိုး အဘွား(၄၅၆)ဦးစုစုပေါင်း(၄၉၁)ဦးအတွက်တစ်ဦးလျှင် (၄၀၀၀၀)နှုန်းဖြင့်စုစုပေါင်းငွေကျပ်(၁၉၆ သိန်း၄ သောင်း) အားလည်းကောင်း၊ကန်တော့ခံအဘိုးအဘွား(၃၅)ဦးအတွက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက လှူဒါန်းငွေကျပ် (၃)သိန်းအားလည်းကောင်းလှူဒါန်းခဲ့ကြပြီး ပူဇော်ပွဲ အခမ်းအနား သို့မတက်ရောက်နိုင်သောအဘိုးအဘွားများအား တာဝန်ရှိသူများ က အိမ်တိုင်ရာရောက် အလှူငွေ များနှင့်ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်မှာဖြစ်ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)