မြစ်ကြီးနားမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲများကျင်းပ




မြစ်ကြီးနား ဧပြီ ၃


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို  ဧပြီ ၃ ရက် မွန်းတည့် ၁၂ နာရီက စတင်ကျင်းပလျက်ရှိသည်။  

၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ဝင် ခေမာသီဝံ ပရိယတ္တိစာသင်တိုက်မှ စာချကထိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ဦးဆောင် ဆရာတော်ကြီး (၁၅) ပါးက ကြီးကြပ်တော်မူကာ ဧပြီလ ၃ ရက်နေ့တွင် ပထမကြီးတန်းမှ ဓမ္မပဒဘာသာရပ်၊ ပထမလတ်တန်းမှ ဒွေမာတိကာဘာသာရပ်၊ ပထမငယ်တန်းမှ ဓမ္မပဒဘာသာရပ်နှင့် အခြေပြုမူလတန်းမှ ဝိနည်းကျင့်ဝတ်ဘာသာရပ်တို့အား စာဖြေသံဃာနှင့် သီလရှင် ဆရာကြီး/ဆရာလေး (၂၃၅) ပါးကြွရောက်ဖြေဆိုတော်မူခဲ့ပြီး  ကချင်ပြည်နယ် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များနှင့် သီလရှင် ဆရာကြီး ဆရာလေးများအား အချိုရေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့ထိ ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)