ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

224


ရမည်းသင်း ဧပြီ ၅


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသားလူငယ်များ အကျိုးရှိစေရန် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ဧပြီ ၄ရက် နံနက် ၉နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

                 အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာစေရေးအသိပညာပေးခြင်းနှင့် အားလပ်ရက်များ၌ အကျိုးရှိစေရန် ပြည်သူ့စာကြည့်တိုက်ရှိ စာပေဖတ်ရှုကြရန် ရှင်းလင်းပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမားပပျောက်ရေးစီမံချက်များ၊ လူငယ်အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် တည်ဆဲဉပဒေများ၊ အခြေခံမူဝါဒနှင့် အလုပ်ခွင်အတွင်းရှိ အခွင့်အရေးများ စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

            ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages