မိုးကောင်းမြို့၌ မဟာသင်္ကြန်အတက်နေ့ ဘုန်းတော်ကြီးကျောင်းတက် ဥပုသ်သီလဆောက်တည်ကြသူ၊ ကောင်းမှုကုသိုလ်ပြုသူများနှင့် သင်္ကြန်ရေကစားသူများဖြင့်စည်ကား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုးကောင်းမြို့၌ မဟာသင်္ကြန်အတက်နေ့ ဘုန်းတော်ကြီးကျောင်းတက် ဥပုသ်သီလဆောက်တည်ကြသူ၊ ကောင်းမှုကုသိုလ်ပြုသူများနှင့် သင်္ကြန်ရေကစားသူများဖြင့်စည်ကား


10

11


မိုးကောင်း ၊ ဧပြီ ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ဧပြီလ(၁၆)ရက် မဟာသင်္ကြန်အတက်နေ့တွင် ဘုန်းတော်ကြီးကျောင်းတက် ဥပုသ်သီလဆောက်တည်သူများနှင့် ကောင်းမှုကုသိုပြုသူများ စည်ကားလျက်ရှိကြောင်း သိရသည်။                မြို့ပေါ်ရပ်ကွက်များမှ ဥပုသ်သီလစောင့်တည်သူများသည် မြို့တွင်းနှင့် အရှေ့တောင်ရိုးရှိ ဘုရားစေတီ နှင့် ဘုန်းကြီးကျောင်းများတွင် ငါးပါးသီလ၊ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဥပုသ်သီတင်း ဆောက်တည်ကြသူများ စည်ကားလျက်ရှိသည်။ အတာသင်္ကြန်အတက်နေ့ဖြစ်၍ ရေပက်ခံထွက် သူများရှိသကဲ့သို့ ဆည်များသို့ သွားရောက်လည်ပတ်ခြင်းများရှိပြီး အကြိုနေ့မှစတင်ကာ နှစ်ဆန်း တစ်ရက်နေ့ထိ စေတနာအလှူရှင်များက မုန့်ဟင်းခါး၊ ကြာဇံချက်၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေးနှင့် ဖျော်ရည်များကို မိမိအိမ်တွင်း သို့မဟုတ် အိမ်ရှေ့၌သော်လည်းကောင်း၊ လမ်းဆုံများ၌ သော်လည်းကောင်း စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages