သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးနိုင်ရန်သန့်ရှင်းရေးများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးနိုင်ရန်သန့်ရှင်းရေးများ ဆောင်ရွက်





သီပေါ၊ ဧပြီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၅၂) ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုအား (၅၃) ကြိမ်မြောက်အဖြစ် ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဆရာဝန်များနှင့်လူနာများ စိတ်အေးချမ်းသာစွာ ကုသဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံတော်ကြီးအတွင်းရှိ ခွဲစိတ်ကုသခန်းများ၊ မျက်စိခွဲစိတ်စက်နှင့် မျက်စိရောဂါရှာသည့်စက်များအား ကြိုတင်ပြင်ဆင်သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ မျက်စိခွဲစိတ်လူနာများ တည်းခိုနေထိုင်ရန် ခုတင်များ၊ အဆောင်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဆေးရုံတော်ကြီးအပြင် ပတ်ဝန်းကျင် နေရာများအား သန့်ရှင်းရေးများစုပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးမှုများအား ၂၀၂၄ ခုနှစ်၊ မေလ (၆) ရက်နေ့မှ (၈) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက် စမ်းသပ်ကုသနိုင်ကြောင်းနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် အလှူရှင်များမှလည်း အလှူငွေများ လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း  မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။


ခင်လေး

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)