နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာတွင် တောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာတွင် တောင်သူများနှင့် တွေ့ဆုံ



ဥတ္တရသီရိ  ၊  ဧပြီ  ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း ကျေးရွာအနီး ပျဉ်းမနား-တောင်ညိုလမ်းဘေး ကွင်းအမှတ် (၁၈၈၁) တောင်သူ ဦးထွန်းဝေ၏ နွေစပါးစံပြစိုက်ကွင်းတွင် စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာ တောင်သူများအနေဖြင့်  အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးစေလို ကြောင်း၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ ပန်းတိုင်အထွက်နှုန်း ကောင်းမွန် ရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ဆောင်းသီး နှံများ၊ နွေသီးနှံများကို အထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်း စနစ်များကို လစ်ဟာမှုမရှိ စနစ်တကျလိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြေများကို လှပ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးကြစေလို ကြောင်း၊ ထို့အပြင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာဆီ စသည့် ဆီထွက် သီးနှံများကို တိုးချဲပြီးစိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးနည်းကို နည်းစနစ် ကျကျစိုက်ပျိုး မှသာ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ထွက်ရှိပြီး တစ်ဦးချင်း ဝင်ငွေများတိုးလာမှာဖြစ် ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းလွင်မှ အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးတင်ပြရာ နေပြည်တော်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ သီးနှံအကန့်လိုက်စိုက်ပျိုးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနိုင်ဦးမှ စက်ကိရိယာများသုံးစွဲရေးနှင့် သုံးစွဲစိုက်ပျိုးပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများအား လည်းကောင်း နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ရေး-၅ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထိုက်မှ ဆည်ရေပေးဝေမှုနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများအား မြေပဲမျိုးများ ပေးအပ်ခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ များပေးအပ်ခဲ့ပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ငလိုက်စခန်းသာ အပန်းဖြေ ဆင်စခန်းသို့ ရောက်ရှိရာ နေပြည်တော် သစ်ထုတ်လုပ်ရေးမန်နေဂျာ ဦးလင်းဇော်ခိုင်မှ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆင်စာကျွေးခြင်း၊ ဆင်သရုပ်ပြ ကကွက် များနှင့် ဆင်ပြတိုက်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ထွက်ခွာခဲ့ရာ ငလိုက်ရေလှောင်တမံသို့ ရောက်ရှိပြီး ရှင်လင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က ဆည်ရေဝင်ရောက်မှု အခြေ အနေများနှင့် ရေပေးဝေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)