ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန် ၊ ဆီ ၊ ပဲနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန် ၊ ဆီ ၊ ပဲနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း


လွိုင်ကော်၊ ဧပြီ ၂၂

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ ၊ ရပ်ကွက်နေပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန် ၊ ဆီ ၊ ပဲနှင့် ထောက်ပံ့ငွေများ ထောက်ပံ့လှူဒါန်းပွဲ  အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပြည်သူများ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ လွိုင်ကော်မြို့ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိရပ်ရွာမိမိဒေသအား မိမိတို့ကိုယ်တိုင်ပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်အား ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ဘဝရေရှည် ရပ်တည်နိုင်ရေး အတွက် မိမိတို့၏ မူလလုပ်ငန်းများ၊ စိုက်ပျိုးရေး/မွေးမြူရေးနှင့် MSME လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်းများ ၊ ရပ်ကွက်နေပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန် ၊ ဆီ ၊ ပဲနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ရာ တက်ရောက်လာကြသည့် ပြည်သူများက လက်ခံရယူ ခဲ့ကြပြီး  တက်ရောက်လာကြသည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် ပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့သည်။

ယင်းထောက်ပံ့လှူဒါန်းပေးအပ်ပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့က ဘုန်းတော်ကြီး ကျောင်း (၁၂)ကျောင်းနှင့် အိမ်ထောင်စု(၈၈၉)စုတို့အတွက် ဆန်၊ ဆီ၊ ပဲ နှင့်ထောက်ပံ့ငွေ လှူဒါန်းမှုမှာ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၀၉၆၂၈၀၀၀)ဖြစ်ကြောင်း သိရှိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)