လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ



လေးမျက်နှာ ဧပြီ ၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမ္မာန် (၂)ထပ်ဓမ္မာရုံတွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအား ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့သည်။


စာမေးပွဲပထမနေ့တွင် ပထမငယ်တန်းကို စာရင်းရှိ(၂၀)ပါး၊ ဖြေဆို(၁၉)ပါးနှင့် ပျက်ကွက်(၁)ပါး ရှိကြောင်း၊ ပထမလတ်တန်းကို စာရင်းရှိ(၁၁)ပါး၊ ဖြေဆို(၈)ပါးနှင့် ပျက်ကွက်(၃)ပါးရှိကြောင်း၊ ပထမကြီးတန်းကို စာရင်းရှိ(၈)ပါး၊ ဖြေဆို(၈)ပါးနှင့် ပျက်ကွက်မရှိကြောင်း၊ အခြေပြုမူလတန်းကို စာရင်းရှိ(၂၅)ပါး၊ ဖြေဆို(၁၈)ပါးနှင့် ပျက်ကွက်(၇)ပါးရှိကြောင်းသိရသည်။ အဆိုပါစာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ(၇)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)