ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ



ငဖဲ ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စု ကန်လယ်မင်း ကျောင်းတိုက်မှကြီးမှူး၍ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များကို သိရှိလိုက်နာပြီး မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရန်၊ ဗုဒ္ဓဘာသာဝင်ရင်သွေးရင်နှစ်တို့အား အခြေခံကိုယ်ကျင့်တရား ကောင်းမွန်စေရန်နှင့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါ ကန်လယ်မင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များ၊ ဧည့်ပရိသတ်များနှင့် ကျောင်းသား ကျောင်းသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ငဖဲမြို့ မြို့မရပ်ကွက် မြို့မကျောင်းဆရာတော် ဦးတိလောကထံက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်မှ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း အောင်မြင်အောင် ဖွင့်လှစ်သင်ကြားပေးခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း  ဩဝါဒစကားမိန့်ကြားကာ မြို့နယ်ပညာရေးရုံးမှ ဒုမြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းက ကျောင်းသားကျောင်းသူများအား နွေရာသီအားလပ်ရက်များတွင် အကျိုးရှိအောင်၊ လိမ္မာယဉ်ကျေးသည့် လူတော်လူကောင်းများပေါ်ထွန်းလာအောင် သင်ကြားပေးခဲ့သည့် ကန်လယ်မင်းကျောင်းတိုက် ဆရာတော်ဦးခမာဝုဓနှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းဆင့် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူ(၁၇)ဦး၊ အလယ်တန်းဆင့် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူ(၄)ဦး၊ မူလတန်း(က)ဆင့် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူ(၇)ဦးနှင့် မူလတန်း(ခ)ဆင့် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိသူ(၃)ဦး နှစ်သိမ့်ဆုရရှိသူ (၈၁)ဦးတို့အား စုစုပေါင်းဆု ချီးမြှင့်ငွေကျပ် ၃၀၆၀၀၀/-ကို  မြို့မကျောင်းဆရာတော်ဦးတိလောက၊ ကန်လယ်မင်းကျောင်းတိုက် ဆရာတော် ဦးခမာဝုဓ ၊ပေကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကန်လယ်မင်းကျောင်းတိုက်ဆရာတော်ဦးခမာဝုဓက ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းအား အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးခဲ့မှု၊ သင်တန်းတွင် အဘက်ဘက်က ကူညီထောက်ပံ့လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားတော်မူပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။


မယု(ငဖဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)