မိုင်းယု ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် သင်္ကြန်ကာလ(နှစ်ဆန်းတစ်ရက်နေ့) သက်ကြီးပူဇော်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက သင်္ကြန်ကာလ(နှစ်ဆန်းတစ်ရက်နေ့)တွင် မြို့မရပ်ကွက်၊ မိုင်းလွေ၊ ဒွန်းနွဲ့နှင့် တာကြန့်အုပ်စုတို့အတွင်းမှ အသက်(၇၅)နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား မြို့မထေရဝါဒဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲကျင်းပမည်ဖြစ်ပြီး သင်္ကြန်အတက်နေ့ နံနက်ပိုင်းကစ၍ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအထိ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈယ်မည်ဖြစ်ကြောင်း၊ ဧည့်ခံကျွေးမွေးရေးတို့အတွက် အလှူရှင်များက ပါဝင်လှူဒါန်းပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် နယ်မြေရဲစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် မြို့မရပ်ကွက်၊ မိုင်းလွေ၊ ဒွန်းနွဲ့နှင့် တာကြန့်အုပ်စုတို့မှ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးတို့က သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အားချာ
https://t.me/MyanmarNationalPost
No comments:
Post a Comment