ဂွမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဆက်လက် ဖြေဆိုလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဂွမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဆက်လက် ဖြေဆိုလျက်ရှိ

222


ဂွ   ဧပြီ   ၅


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့၊ မွန်းတည့်(၁၂)နာရီတွင် တတိယနေ့အဖြစ်  ကျင်းပဆောင်ရွက်လျက်ရှိသည်။

  အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အစိုးရမူလတန်းမှ ဖြေဆိုရန်စာရင်းရှိ သံဃာတော် ၂၅ပါးအနက် ဝင်ရောက်ဖြေဆိုသံဃာ၁၆ပါး၊ ပျက်ကွက်၉ပါးတို့ရှိပြီး၊ ဖြေဆိုသံဃာများက  အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်အား တတိယနေ့အဖြစ် ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

 ထိုသို့အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များအား  အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages