ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ယဥ်ကျေးလိမ္မာသင်တန်းနှင့်အင်္ဂလိပ်စာစွမ်းရည်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ယဥ်ကျေးလိမ္မာသင်တန်းနှင့်အင်္ဂလိပ်စာစွမ်းရည်သင်တန်းဖွင့်လှစ်

 



ရွှေတောင်  ၊   ဧပြီ   ၂၉

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကျောင်းသား ၊ကျောင်းသူလေးများ ယဥ်ကျေးလိမ္မာစေရန်နှင့်အင်္ဂလိပ်စာစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းနှင့်အင်္ဂလိပ်စာစွမ်းရည်သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းများဖွင့်လှစ်ရာတွင် ယဥ်ကျေးလိမ္မာသင်တန်းကို အထက်တန်း ၊အလယ်တန်း၊မူလတန်း ကျောင်းများအားလုံးတွင် ( ၁၉ - ၄- ၂၀၂၄) ရက်နေ့မှ ( ၂၈ - ၄- ၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ် ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၁၃၄၆) ဦး တက်ရောက်၍ အင်္ဂလိပ်စာစွမ်းရည်သင်တန်းကို အထက ရွှေတောင် ၊အထက ကြာနီကန်၊ အထက(ခွဲ)သရက်တော ကျောင်းတို့တွင် ၁၉ - ၄- ၂၀၂၄) ရက်နေ့မှ ( ၂၈ - ၄- ၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ( ၁၂၇) ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)