သံဖြူဇရပ်မြို့နယ်၌ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၌ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ




သံဖြူဇရပ်၊ ဧပြီ ၁၃

မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနာကိုရှေ့ဦးစွာ နမောတသ(၃)ကြိမ်ရွတ် ဆို၍အခမ်းအနားဖွင့်လှစ်ပြီး အပူဇော်ခံ သက်ကြီးဘိုး/ဘွားများအား ပူးဇော်ကန်တော့ပြီး၊ အခမ်းအနားသို့တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များမှ မြို့နယ်အတွင်း အသက် (၉၀) နှစ် အထက်အဘိုး/အဘွား စုစုပေါင်း (၃၂၇) ဦးအား တစ်ဦးလျှင် အလှူငွေကျပ် (၂၀၀၀၀) နှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့်ဘိုး/ ဘွားများအား အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)