မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

35


ချမ်းအေးသာစံ ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က ပြဋ္ဌာန်းလိုက်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေနှင့်အညီ ကဏ္ဍအလိုက်၊ ဒေသအလိုက်စီမံကိန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲအခမ်းအနားဖြစ်ပါကြောင်း၊ ပြည်သူများ၏အခြေခံစားဝတ်နေရေးကို ဖြည့်ဆည်းပေးနိုင်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသောကုန်ထုတ်လုပ်ငန်းများကို တိုက်ရိုက်အထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဦးစားပေးခွင့်ပြုပေးခဲ့ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်သည့် ဒေသန္တရစီမံကိန်းများဖြစ်ရန် အရေးကြီးပြီး သဘာဝအရင်းအမြစ်များ၊ ဘဏ္ဍာအရင်းအမြစ်များကို မှန်ကန်စွာစီမံခန့်ခွဲအသုံးချရန် အလွန်အရေးကြီးပါကြောင်း၊ ကဏ္ဍစီမံကိန်းများ၊ ဒေသန္တရစီမံကိန်းများသည် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာနကျသည့် စီမံကိန်းများဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မေခရိုစီးပွားရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်လာစေမည်ဖြစ်ပါကြောင်း၊၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေအရဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း စုစုပေါင်း ၂၁၀၉ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြဌာန်းခဲ့သည့်စီမံကိန်းဥပဒေ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး၊ လုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့် အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ အချိန်နှင့်တပြေးညီပြီးစီးအောင်၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)တိုးတက်မှုနှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင်ပါဝင်သည့် စီမံကန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းမြင့်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများထံသို့ တာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages