တာမွေမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကျင်းပ

 




တာမွေ       ဧပြီ        ၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က အခြေခံ ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မို့မို့အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ မောင်ယဉ်ဝေ(ဥက္ကလာ)က သင်တန်းပို့ချချက်များနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ ဒေါ်မြမဉ္ဇူဝေ(ကျုံမငေး)က သင်တန်းဖွင့်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီပညာရပ်၏ အခြေခံသဘောတရားများ၊ ရှုခင်းအလှ ပန်းချီ ၊ လူပုံနှင့် တိရစ္ဆာန်ပုံ ရေးဆွဲနည်းများ၊ အရောင်တို့၏ အနက်အဓိပ္ပာယ်၊ အရောင်တို့မှပေးသော ခံစားမှု ရသများ နှင့် ပတ်သက်၍ သင်တန်းသား/သူ (၄၀)ဦးခန့်အား ၂၀၂၄-ခုနှစ် ဧပြီလ(၁)ရက်နေ့ ဧပြီလ(၅)ရက်နေ့အထိ ငါးရက်ကြာ အသေးစိတ် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ် လူရွယ်လေးများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ် တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အမြတ်တနိုးတန်ဖိုးထားတတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)