ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများကျင်းပ



နေပြည်တော် ၊  ဧပြီ  ၁၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားပူဇော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။

သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများ တပ်ကုန်းမြို့နယ်တွင် အသက် ၈၀နှစ်နှင့်အထက် အဘိုး၊ အဘွား ၇၃ဦးအား လက်ဆောင်ပစ္စည်းများ၊ ငွေသားများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်တွင်  အသက်(၈၅) နှစ်နှင့် အထက် အဘိုးအဘွား (၁၅)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀/-)၊ အချိုရည်နှင့် မုန့်များကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်တွင် အသက်(၇၀)နှစ်နှင့်အထက် အဘိုးအဘွား(၆၄)ဦးအား ငွေသား ၂၀၀၀၀/ နှင့် လှူဖွယ်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဘိုး ၂၂ သိန်းခန့်ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)