ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ပဲခူးမြို့တွင် နွေရာသီကင်းထောက်လူငယ်သင်တန်း ဖွင့်လှစ်သင်ကြား‌နေမှု့အား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ပဲခူးမြို့တွင် နွေရာသီကင်းထောက်လူငယ်သင်တန်း ဖွင့်လှစ်သင်ကြား‌နေမှု့အား သွားရောက်ကြည့်ရှုအားပေး

 



ပဲခူး   ၊  ဧပြီ   ၂၇

ပဲခူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသည့် နွေရာသီလူငယ်ကင်းထောက်သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များမှ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု့ အား‌ပေးခဲ့ကြသည်။

             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာမှ သင်တန်းသား/သူများအား တွေ့ဆုံ၍  အမျိုးသမီးရေးရာအဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်က သင်တန်းတက်ရောက်ရခြင်း‌ကြောင့် ရရှိလာမည့် အကျိူးကျေးဇူးများအားလည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်းမှ ကျောင်းသား/သူ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်ကို အကျိုးရှိစေရန် ဖွင့်လှစ်ပေးသည့် လူငယ်သင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။

                      ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  ကြက်ခြေနီအသင်းမှ ကျောင်းသား/သူ သင်တန်းသားများအား အသက်ကယ်နည်းလက်တွေ့ သရုပ်ပြသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/သူ သင်တန်းသားများနှင့်  ဆရာ/ဆရာမများအတွက် ခေါက်ဆွဲကြော်များ ပေးဝေခဲ့ကြသည့်အပြင် ခရိုင်/မြို့နယ် အဖွဲ့ဝင်များမှလည်း ကျောင်းသား/သူများအတွက် အအေးဗူးများ ပေးဝေခဲ့ကြ‌ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)