အိမ်မဲမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်သားပြည်သူများအခြေခံစာတတ်မြောက်ရေး လုပ်ငန်းမြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်သားပြည်သူများအခြေခံစာတတ်မြောက်ရေး လုပ်ငန်းမြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်လှစ်

 



အိမ်မဲ ဧပြီ ၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက (၂) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် မြိုနယ်ပညာရေးမှူးရုံးမှ ဦးဆောင်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအခြေခံ စာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးကသင်တန်း ဖွင့်အမှာစကားများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဝင်း က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း အကျယ်တဝင့်အသီးသီးပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို ဧပြီလ ၅ ရက်နေ့မှစ၍ ဧပြီလ ၇ ရက်နေ့ထိ (၃)ရက်ကြာ သင်တန်းနည်းပြ (၅)ဦး၊ သင်တန်း ကြီးကြပ် (၁၀)ဦးတို့မှ သင်တန်းသား /သူ (၈၅) ဦးကို သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အဆိုပါ သင်တန်းသား /သူများက အိမ်မဲမြို့နယ်အတွင်း ကျေးရွာအုပ်စု (၁၀၂)အုပ်စုမှ စာမတတ်သူပြည်သူများကို စာသင်ဝိုင်း (၉၀)ဝိုင်း ဖြင့် ဧပြီလ (၈)ရက်နေ့မှ မေလ (၁၉) ရက်နေ့အထိ ပြန်လည်သင်ကြား သွားရမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ချစ်သက်လယ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)