ရေတာရှည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် အောင်လက်မှတ်ဆက်ကပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် အောင်လက်မှတ်ဆက်ကပ်ခြင်း အခမ်းအနားကျင်းပ




ရေတာရှည် ဧပြီ ၃


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကံမြင့်ကျောင်းတိုက် မြင့်မိုရ်ဓမ္မာရုံတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ၂၀၂၃ ခုနှစ် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်ခြင်း၊ ယဥ်ကျေးလိမ္မာသင်တန်း၌ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်း အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့ရှိခိုးဖွင့်လှစ်ပြီး နိုင်ငံ တော် သံဃာ့နာယက ဗဟိုဝန်ဆောင် မြို့ဦး ပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တပညာဇောတထံမှ ငါးပါးသီလနှင့် သြဝါဒဓမ္မကထာနာယူတော်မူကြသည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ် စူဠဘွဲ့နှင်းသဘင်နှင့် ပါဠိပထမပြန်စာမေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အလှူငွေကျပ်သိန်း ၃၀ ကျော်နှင့် စေတနာရှင်အလှူရှင် (၉) ဦးမှ နေ့စဥ် ဆွမ်းဒါနကုသိုလ်အတွက် ငွေကျပ် ၄၂ သိန်းအား ပေးအပ်လှူဒါန်းပြီး ပါဠိပထမပြန်စာမေးပွဲတွင် ဆွမ်းနှင့်လိုအပ်သည်များ လှူဒါန်းသည့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၌ ပထမလတ်တန်းအောင် (၂) ပါး၊ ပထမငယ်တန်းအောင် (၁၂) ပါးနှင့် အခြေပြုမူလတန်းအောင် (၂၄) ပါး စုစုပေါင်းစာအောင်သံဃာတော် အပါး (၃၈) ပါးအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပေးအပ်လှူဒါန်းသည်။

ထို့နောက်၂၀၂၃ ခုနှစ် ယဥ်ကျေးလိမ္မာသင်တန်း၌ ပထဆု၊ ဒုတိယဆုနှင့် တတိယဆု အသီးသီးရရှိသည့် ကျောင်းသား ကျောင်းသူ (၉) ဦးအား ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)