ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်


%E1%81%81%E1%81%81


ဆိပ်ဖြူ  ၊ ဧပြီ  ၂၅


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန်ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဗိုလ်ချုပ်လမ်း၌ ပြုလုပ်ဆောင်ရွက်သည်။

ဆိပ်ဖြူမြို့နယ်သည် လက်ရှိဒေသ နေ့အပူချိန်များ မြင့်တက်လျက်ရှိသည့်အတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့်  အပူဒဏ်ကာကွယ်ရေး အသိပညာများ သိရှိလိုက်နာဆောင်ရွက်တတ်စေရန်နှင့် အပူဒဏ်အန္တရာယ်လက္ခဏာများ ခံစားရပါက လုပ်ဆောင်ရမည့် ရှေးဦးပြုစုခြင်းနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ ချိန်မှီကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်စေရန် ရည်ရွယ်၍ အပူဒဏ်အန္တရာယ် အသိပညာပေးလုပ်ငန်များ ဆောင်ရွက်ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က လက်ရှိဖြစ်ပေါ်နေသည့် ဒေသအပူချိန်နှင့် သိရှိလိုက်နာရမည့်အချက်များကိုလည်းကောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်နေလင်းက ပူပြင်းသည့် အချိန်ကာလတို့၌ စားသုံးရန်မသင့်သည့် အစားအစာနှင့်အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများနှင့် အရေပေါ်ရှေးဦးပြုစုခြင်းလုပ်ငန်းများအား ရှင်းလင်းပြောကြားပေးခဲ့ကြပြီး  အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages