ကေ့ာကရိတ်မြို့နယ်အတွင်း၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကေ့ာကရိတ်မြို့နယ်အတွင်း၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြား




​ကေ့ာကရိတ် ဧပြီ ၉


ပညာရေးဝန်ကြီးဌာနမှ လူမှုဘဝမြင့်မားစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ဧပြီလ (၆)ရက်​နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကေ့ာကရိတ်မြို့နယ်အ​နေဖြင့် ကျေးရွာ(၆)ရွာရှိ ဘုန်း​တော်ကြီး​ကျောင်းတို့တွင် အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း (၆) ဝိုင်းကို မြို့နယ်ပညာရေးမှူး(ပူးတွဲ)  ဦးအောင်သိန်းနှင့် သက်ဆိုင်ရာကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကကြီးကြပ်၍ သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၁)ဦး၊ သင်တန်းကြီးကြပ်ဆရာ၊ ဆရာမ(၆)ဦး၊ စာသင်သားဦးရေ ကျား(၄၇)ဦး၊ မ(၁၁၅)ဦး စုစုပေါင်း(၁၆၂) ဦးတို့ဖြင့် ဧပြီလ(၆)ရက်မှ မေလ(၁၅)ရက်နေ့အထိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။


ခင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)