သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ


%E1%81%81%E1%81%86

သာစည် ၊ ဧပြီ  ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟို မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက သာစည်မြို့စည်ပင်သာယာ ပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီး ကားလမ်းဘေးရှိ “ရွှေသာစည်” ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က နှစ်သစ်အားကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားသည်။ ဆက်လက်ပြီး ယိမ်းအဖွဲ့များက သင်္ကြန်မိုးသီချင်းဖြင့် ကပြ ဖျော်ဖြေသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်္ကြန်ကာလအတွင်း ဖျော်ဖြေခဲ့သော ယိမ်းအဖွဲ့များ၊ တီးဝိုင်းအဖွဲ့၊ စက်အဖွဲ့တို့နှင့် လုံခြုံရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ ရေကစားသူများအား ကြာဇံကြော်များဖြင့် စတုဒိသာကျွေးခဲ့ကြောင်း သိရ သည်။

“ရွှေသာစည်” ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကျနေ့၊ အကြက်နေ့နှင့် အတက်နေ့များတွင် စတုဒိသာကျွေးခြင်း၊ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ တီးဝိုင်းအဖွဲ့က တေးသီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကာ မြန်မာ့ရိုးရာယဉ် ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို  စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။                           

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages