တံတားဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော (၄) ခန်းတွဲ သန့်စင်ခန်းများနှင့် (၂)ခန်းတွဲ သန့်စင်ခန်းများ တည်ဆောက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော (၄) ခန်းတွဲ သန့်စင်ခန်းများနှင့် (၂)ခန်းတွဲ သန့်စင်ခန်းများ တည်ဆောက်ပြီးစီး

 



တံတားဦး ဧပြီ ၅


မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာအကျောင်းများတွင် ကျောင်းသား/သူများအတွက် လိုအပ်လျက်ရှိသော (၄) ခန်းတွဲ သန့်စင်ခန်းများနှင့် (၂)ခန်းတွဲ သန့်စင်ခန်းများ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းဆောင်ဟောင်းများပြုပြင်ပေးခြင်း ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေတွင်းများတူးဖော်ပေးခြင်း၊ ရေကန်များ၊ ရေမော်တာများ ပိုက်များ တပ်ဆင်ပေးခြင်း၊ ကျန်းမာရေးအတွက် သန့်စင်ခန်းများ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ တံတားဦးမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း၊ တောင်ပြုံး၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)သူငယ်တော်တို့တွင် (၄)ခန်းတွဲ သန့်စင်ခန်း(၁)လုံးစီအသစ်တည်ပေးခြင်းအား စံအိမ်မင်းကုမ္ပဏီမှ သန့်စင်ခန်းတစ်လုံးလျှင် ငွေကျပ်သန်း (၄.၀၀၀)ဖြင့်လည်းကောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) သဲမောင်းကန်၊ မူလတန်းလွန်ကျောင်းသားများ၊ မူလတန်းကျောင်း သဲတော တို့တွင် (၂) ခန်းတွဲ သန့်စင်ခန်း(၁)လုံး အသစ်တည်ဆောက်ခြင်းတို့အတွက် အဆိုပါ ကုမ္ပဏီမှ သန့်စင်ခန်းအသစ် (၁)လုံးလျှင် ငွေကျပ်သန်း (၂.၀၀၀) သန်းတို့ဖြင့် တည်ဆောက်ပေးရာ ယခုအခါ လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။


ရဲတင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)