ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများမှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများမှ ကွင်းဆင်းစစ်ဆေး

ပန်းတောင်း ၊  ဧပြီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ ယမန်နေ့ နံနက် (၀၉:၀၀) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်အခွန်ဦးစီးမှူး ဦးမြင့်သူ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး၊ ဥသျှစ်ပင်နယ်မြေရဲစခန်း ဒုတိယရဲအုပ်စ်ိုင်းထွန်းနှင့်တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများလက်လီ၊ လက်ကားရောင်းချနေသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းလိုင်စင် ရှိ/ မရှိ၊ ရောင်းချခွင့်လိုင်စင် ရှိ/ မရှိနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချမှု ရှိ/ မရှိ၊ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များရောင်းချနေမှု ရှိ/ မရှိ၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးနှင့် လိမ်းဆေးအမျိုးမျိုး၊ အဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပါဝင်မှုပမာဏ၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်မှုမရှိသော ကုန်စည်များရောင်းချမှု ရှိ/ မရှိ မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင် (၁၁) ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။


လပြည့်လင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)