ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်ကြားဆောင်ရွက်နေသည့်စာဖတ်ဝိုင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်ကြားဆောင်ရွက်နေသည့်စာဖတ်ဝိုင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




ရွှေတောင် ဧပြီ -၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ

မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး  ဆရာကြီး ဦးကျော်ဦးနှင့် တာဝန်ရှ်သူများသည်ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် ၊ မီးလောင်ကျေးရွာအုပ်စု အမက - ကိုးတွင်းစဥ်ကျောင်း၌၂၀၂၄ခု-နှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်ကြားဆောင်ရွက်နေသည့်စာဖတ်ဝိုင်းများဖွင့်လှစ်ထားရှိမှုနှင့်သင်ယူနေမှုအခြေအနေမျာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

    အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း သင်ကြားဆောင်ရွက်ခြင်းကို ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၃)ကျောင်းမှ စာသင်ဝိုင်း (၃၆)ဝိုင်းရှိရာ စာသင်သား (၃၃၉)ဦးအား ကြီးကြပ်သူ(၄)ဦး၊ နည်းပြ (၃၆)ဦးဖြင့် ဧပြီလ (၆)ရက်နေ့မှစ၍ ရက်ပေါင်း (၄၀)ရက်အကြာ  တစ်နေ့လျှင် (၃)နာရီခန့်  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)