ပေါင်မြို့နယ်၌ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 




ပေါင်         ဧပြီ       ၆


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝါရီရူခန်းမ၌ယမန်နေ့ ညနေ( ၄ )နာရီကကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ဦးထင်လင်းအောင်က ယခုဆောင်ရွက်ကြမည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာ ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ စာတတ်မြောက်စေရေး၊ လူမှုဘဝမြင့်မားရေး၊ ဒေသအလိုက် စာတတ်မြောက်မှု တိုးတက်စေရေးအတွက် အထောက်အကူ ဖြစ်စေရေး၊မိမိဘဝတိုးတက်လာပြီး အမှား၊အမှန်ကိုကောင်းစွာသိလာနိုင်မည်ဖြစ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက

နိုင်ငံတော်၏ရည်မှန်းချက်အရ

တစ်နိုင်ငံလုံး စာတက်မြောက်‌ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆရာဆရာမများကကြိုးစားဆောင်ရွက်ပေးကြပါရန်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများမှစာသင်သားများလာရောက်သင်ကြားနိုင်ရေးကိုကူညီဆောင်ရွက်ပေးကြပါရန်ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါစာတတ်မြောက်ရေးစာသင်ဝိုင်းများကို

နည်းပြအဖြစ် အခြေခံပညာဆရာ၊ဆရာမ ( ၇၆ )ဦး၊ ကြီးကြပ်( ၁၀ )ဦး တို့ကကျေးရွာ( ၁၆ )ရွာရှိစာသင်သား( ၅၇၀ )ဦးတို့ကိုစာသင်ဝိုင်း( ၃၈ )ဝိုင်းခွဲပြီး

 ဧပြီ(၆)ရက်နေ့မှ  မေလ(၈)ရက်နေ့အထိ ရက်( ၄၀ )ကြာအခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)