မိုင်းဖြတ်မြို့နယ်၌ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ​ခေမာဓမ္မ (စဝ်ဆမ်ရှဲန်) ၏ ဂုဏဝိသိဌ ဂုဏ်ပြုပူဇော်ပွဲနှင့် ကံထပ်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ​ခေမာဓမ္မ (စဝ်ဆမ်ရှဲန်) ၏ ဂုဏဝိသိဌ ဂုဏ်ပြုပူဇော်ပွဲနှင့် ကံထပ်မင်္ဂလာအခမ်းအနားကျင်းပ




မိုင်းဖြတ် ၊ ဧပြီ  ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ သာသနာ​တော်ဆိုင်ရာ ဘွဲ့တံဆိပ်​တော်ဆက်ကပ်ချီးမြှင့်ခြင်းခံရသည့် ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ခေမာဓမ္မ (စဝ်ဆမ်ရှဲန်) ၏ ဂုဏဝိသိဌဂုဏ်ပြုပူဇော်ပွဲနှင့် ကံထပ်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  ဖွေးဟုန်းကျေးရွာ၊ ဆုတောင်းပြည့် ဓာတ်စွမ်ဒေါက် ကမ္မဌာန်းကျောက် တိုက်၌ စည်းကားသိုက်မြိုက်စွာ စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ နံနက် ၇နာရီက ဓာတ်စွမ်ဒေါက်ကမ္မဌာန်းကျောက်တိုက်ရှိ ​ကျောင်းအဝင်မုခ်ဦးနှင့် လမ်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဆုတောင်းပြည့် ဓါတ်စွမ်ဒေါက်ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခေမာဓမ္မနှင့် အလှူရှင်များ၊ ​ဂေါပကအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်​​ပေးခဲ့ပြီး အ​​မွှေးနံ့သာ​ရေများပက်ဖျန်းခဲ့ကြသည်။

ထို့​နောက် ကံထပ်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ စျေးတန်းပရိယတ္ထိစာသင်တိုက်ဆရာ​တော် မဟာသဒ္ဓမ္မဇောဓိကဓဇ၊ ဘဒ္ဒန္တဓမ္မပါလနှင့် သံဃာ​တော်အရှင်သူမြတ်များ အမှူပြု၍  ဘဒ္ဒန္တ​ခေမာဓမ္မ (စဝ်ဆမ်ရှဲန်) အား မင်္ဂလာပရိတ်​ရေသပ္ပါယ်ခြင်း၊ သိမ်အတွင်း ကမဝါရွတ်ဖတ်ခြင်းနှင့်  ဆွမ်းဆန်စိမ်း​လောင်းလှူခြင်း မင်္ဂလညအခမ်းအနားများကို စီစဥ် ကျင်းပခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ဓာတ်စွမ်ဒေါက်ကမ္မဌာန်းကျောက်တိုက်အတွင်း ​ထေရာဘိ​​သေသက ကံဇာတာမြှင့်တင်ခြင်းနှင့် ပင့်သံဃာ​တော်အရှင်သူမြတ်များအား ​နေ့ဆွမ်းဆက်ကပ်ခဲ့သည်။ ယင်း​နောက် အလှူရှင်များမှ လှူဒါန်းထားသည့် ​ကျောင်း​ဆောင်သစ်၊ မုခ်ဦး၊ ​ကျောင်းအဝင်လမ်း များအစရှိသည့် လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆု​တောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့​ကြောင်း သိရသည်။


သန်းထွန်း​အေး(မိုင်းဖြတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)