တိုက်ပွဲသတင်းထုတ်ပြန်ချက် ( ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၇)ရက် ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ပွဲသတင်းထုတ်ပြန်ချက် ( ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၇)ရက် )


 တိုက်ပွဲသတင်းထုတ်ပြန်ချက် ( ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၇)ရက် )

ကချင်ပြည်နယ်

ချီဖွေမြို့နယ်၊ ဆော့လော်နယ်မြေ စတီးကြောစခန်းအနီးတွင် နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော်+ ပသစ(မန်ကျီ)စစ်ကြောင်းနှင့် KIA/PDF အဖွဲ့မှ အင်အား ၂၀၀ ဦးခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စတီးကြောစခန်းမှ ပစ်ကူရယူကာ ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့သဖြင့် ရန်သူဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။ (ထိခိုက်မှုမရှိ)

ကယားပြည်နယ်

မြို့အတွင်း ချဉ်းကပ်ဝင်ရောက်နိုင်ခြင်းမရှိသော KNPP/KNDF အဖွဲ့သည် ဖားဆောင်းမြို့နယ် ရဲစခန်းနှင့် ရင်းဌာနချုပ်တစ်ခုသို့ အဝေးမှ Drone များလွှတ်၍ Drop Bomb ချတိုက်ခိုက်ခြင်းကြောင့် ရန်သူ့ Drone လွှတ်ရာ နေရာများသို့ လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ချေမှုန်းခဲ့ရကြောင်း သိရသည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တပ်မတော်သားများ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်

ကရင်ပြည်နယ်ရှိ တပ်မတော်၏ တောင်စွန်းစခန်းကို အကြမ်းဖက် KNU/PDF ၁၅၀ ကျော်က ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာ စခန်း၏ခံစစ်ကောင်းမွန်မှုနှင့် လေကြောင်းပစ်ကူကြောင့် အကြမ်းဖက်သမားများ အထိနာ ဆုတ်ခွာပြေးသွားခဲ့ပြီး အကြမ်းဖက်သမား ၆ လောင်း၊ လက်နက် ၈ လက် သိမ်းဆည်းရမိပြီး မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ရင်းဌာနချုပ်တစ်ခုအား KNU/PDF အကြမ်းဖက်အဖွဲ့က အဝေးမှ Drone များဖြင့် Drop Bomb ချ တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ် နယ်မြေရှင်းလင်းရာ (KNU ၁ လောင်း၊ အမ်-၂၂ ၁ လက် သိမ်းဆည်းရမိ၊ တပ်မတော်သားများ ထိခိုက်မှုမရှိ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန်ကူးရွာအနီးရှိ နယ်မြေရှင်းလင်းနေသော စစ်ကြောင်းအား Suicide Drone ၁ စီးဖြင့် လာရောက်တိုက်ခိုက်သော်လည်း တပ်မတော်သားများ ထိခိုက်မှုမရှိ၊ အလားတူ ရွှေကြက်မင်း ဘုရားကုန်းအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် KNU/PDF အကြမ်းဖက် သောင်းကျန်းသူ ၂၀ ဦးခန့်တို ထိတွေ့မှုအနည်းငယ် ဖြစ်ပွားပြီး အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်

ကဇူးကိုင်းနယ်မြေရှိ ရန်သူခိုအောင်းနေရာအား ဒေသခံသတင်းပေးချက်အရ သွားရောက်ရှင်းလင်းသော စစ်ကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူ ၁၅၀ ဦးတို့ ထိတွေ့မှုဖြစ်ပွားပြီး လေကြောင်းပစ်ကူယူ၍ သောင်းကျန်းသူများကို မောင်းထုတ်ခဲ့ရကြောင်း သိရသည်။

မန္တလေးတိုင်း

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပေါက်ကွဲသံတစ်ခုကြားရသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေးရာ အကြမ်းဖက် PDF များမှ အရပ်ဖက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်ခတ် တိုက်ခိုက်ရန် ချိန်ရွယ်ထားသော 107 မမ ရှော့တိုက်ဒုံး ၆ လုံးအား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်နယ်မြေရှင်း လင်းလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်း

ရေတာရှည်မြို့နယ်၊ ကြိတ်ပတီးရွာ ပတ်ဝန်းကျင်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းမှု မရှိစေရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်း‌ရေးဆောင်ရွက်စဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပြီး PDF အလောင်း ၁ လောင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တိုက်ပွဲစုံသတင်း Telegram Channel မှ ထုတ်ပြန်ထားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)