သာကေတမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနား ကျင်းပ



သာကေတ ဧပြီ ၆


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ဧပြီလ(၄)ရက်နေ့ နံနက် ၇နာရီအချိန်၌ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  နွေရာသီအခြေခံအားကစားသင် တန်းများဖြစ်သည့် (ဟော်ကီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ ဝူရှူး၊ အ​ခြေခံဘောလုံးသင်တန်း) အားကစားသင်တန်းဆင်းပွဲ အခမ်း အနားပြုလုပ်ခဲ့ရာ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးညွှန့်ဝေ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုး၀င်း၊ မြို့နယ်အားကစားနှင့် ကာယပညာဆပ်ကော်မတီ၀င်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ သင်တန်းဆင်း အမှာစကား ပြောကြားကာ  သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသူ/သားများမှ အားကစားနည်းအလိုက် သရုပ်ပြသခဲ့ကြသည်။ ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၂ ဦးညွှန့်ဝေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုး၀င်းတို့မှ သင်တန်းနည်းပြ များနှင့် သရုပ်ပြ အဖွဲ့များအား သင်တန်းနည်းပြစရိတ်နှင့် သရုပ်ပြဆုချီးမြှင့်စရိတ် ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက်ညနေ (၄း၀၀)နာရီအချိန်၌ ၄/တောင်ရပ်ကွက်အားကစားကွင်းတွင် နွေရာသီအခြေခံ ဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာသာကေတ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးညွန့်ဝေ၊ မြို့နယ် အားကစား နှင့်ကာယ ပညာဆပ် ကော်မတီ၀င်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဆောင်းနှင်းဖြူ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)