ကသာမြို့နယ်တွင် ပတ်ဝန်းကျင် လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေ အရည်အသွေးရလာဒ်များအား ထုတ်ပြန်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကသာမြို့နယ်တွင် ပတ်ဝန်းကျင် လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေ အရည်အသွေးရလာဒ်များအား ထုတ်ပြန်ပေး

%E1%81%82%E1%81%80

%E1%81%82%E1%81%81


ကသာ ၊  ဧပြီ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင် လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှု ရလဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်(၉)နှင့် ရပ်ကွက်(၅)တို့တွင် အပတ်စဉ် ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာမှုရလာဒ်အပေါ် အကြံပြုချက်များမှာ စွန့်ပစ်အမှိုက်များကို စည်းကမ်းမဲ့မီးရှို့ခြင်းမှ ရှောင်ကျဉ်ပြီး 3Rs (Reduce, Reuse, Recycle)စနစ်အား လိုက်နာကျင့်သုံးခြင်း၊ လမ်းဘေးဝဲယာ/ အများပိုင်နေရာများ၊ ရုံးဝင်းအတွင်း အရိပ်ရလေကာပင်များ စိုက်ပျိုးပြုစုပျိုးထောင်းခြင်း၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေဖြင့် တတ်နိုင်သမျှနေအိမ်အတွင်း နေထိုင်ကြရန်၊ အပြင်သို့ထွက်ခွာသွားလာရန်လိုအပ်ပါက တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းဖြစ်သည့် (နှာခေါင်းစည်း)များအား ဝတ်ဆင်၍သွားလာကြရန် ထုတ်ပြန်ကြေညာထားကြောင်း၊ ကသာမြို့နယ်စေတီကုန်းနှင့် ကပ္ပလိပ်ရွာကြား၊ သဖန်းကိုင်းနှင့် ဘိုကုန်းရွာကြားတို့တွင် တိုင်းတာချက်များအရ ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှု ရလဒ်များအရ PH, TDS, တန်ဖိုးများမှာ သတ်မှတ်စံချိန်စံညွှန်းအတွင်းရှိနေကြောင်း၊ DO တန်ဖိုးမှာ Guiseline ထက်ကျော်လွန်နေကြောင်း၊ ရေတွင် Oxygen ပျော်ဝင်မှုပမာဏကောင်းမွန်ကြောင်း၊ Turbidity နောက်ကျိမှု ပမာဏနှုန်းမှာ သတ်မှတ်စံချိန်စံညွှန်းအတွင်း တည်ရှိနေပြီး Fresh Water ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အပတ်စဉ်ပတ်ဝန်းကျင်လေထုအရည်အသွေးနှင့် ဧရာဝတီမြစ်၏ ရေအရည်အသွေး တိုင်းတာရရှိသည့် ရလဒ်များကို ပြည်သူအများ သိရှိနိုင်စေရန် ကားဂိတ်များ၊ ဈေးများ၊ ကြော်ငြာဆိုင်းဘုတ်များနှင့် မိမိတို့၏ လူမှုမီဒီယာကွန်ရက်များတွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း ကသာခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ကျော်စွာထွန်း(ကသာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages