ဗန်းမော်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြစ်ဒဏ်ကျ အကျဥ်းသား၊ အကျဥ်းသူ (၈)ဦးလွတ်မြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြစ်ဒဏ်ကျ အကျဥ်းသား၊ အကျဥ်းသူ (၈)ဦးလွတ်မြောက်

 




ဗန်းမော် ၊  ဧပြီ  ၁၈


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်း အေးချမ်းစေ ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၄) လွတ်ငြိမ်းခွင့်အမိန့်အရ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်အကျဥ်းထောင်၌ ပြစ်ဒဏ်ကျ အကျဥ်းသား(၈)ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးပွဲ   အခမ်းအနားကို  ဗန်းမော်အကျဥ်းထောင်အတွင်းရှိ ရိပ်သာ၌ ဧပြီလ ၁၇ ရက် နေ့လယ် (၁၁)နာရီခန့်က ကျင်းပခဲ့သည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲဝင်းနှင့် ဗန်းမော်အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာတို့က သြဝါဒစကားပြောကြားကာ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)