ပြည်ခရိုင်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ




ပြည် ဧပြီ ၁


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ တိုင်းဒေသကြီးရုံးခွဲ (ပြည်) ပညာရေးမှူး ဦးတင်ယု၊ ပညာရေးဒီဂရီကောလိပ် (ပြည်) ကျောင်းအုပ်ကြီးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများစုစုပေါင်း ၁၃၅ဦးတက်ရောက်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် "နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများနှင့် အစွန်အဖျားဒေသများရှိပြည်သူများအားလုံး စာတတ်မြောက်ရေးနှင့် ယနေ့ခေတ်သည် ပညာခေတ်နှင့်အညီ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေးဆောင်ရွက်သွားရမည်ဟု လမ်းညွှန်မှာကြားထားကြောင်း၊ ယင်းလမ်းညွှန်ချက်နှင့်အညီ ပြည်ခရိုင်တွင် ယခုသင်တန်းအားဆောင်ရွက်ခြင်းဖြစ်ကြောင်း" ထည့်သွင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာ‌သော ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများကို စာတတ်မြောက်ရေးလုပ်ငန်း ဇာတ်လမ်းတို ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသပေးသည်။

အဆိုပါသင်တန်းကို ဧပြီ ၁ ရက်မှ ၃ ရက်နေ့အထိ သင်တန်းကာလ သုံးရက်ကြာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ အခြေခံပညာဆရာ၊ဆရာမများနှင့် အရပ်ဘက်ပရဟိတ Volunteer စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၁၁၁ ဦးနှင့် နည်းပြ/ကြီးကြပ် ၁၄ ဦး တက်ရောက်ကာ သင်တန်းတွင် "ဝထကလသ" Mobile Application အသုံးပြုနည်းစနစ်အပါအဝင် စာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်ရေး၊ စာသင်သားပြည်သူများ၏ လူမှုဘဝလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် အကူအညီရယူနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံများလိုက်နာရေး၊ စာသင်သားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ စာတတ်မြောက်ရေးလုပ်ငန်း၏သဘောသဘာဝ၊ ပညာရေးနှင့်ပညာရယူနည်းများ၊ ထိရောက်သောသင်ကြားသင်ယူမှုနည်းစနစ်များနှင့် သင်ပြနည်းများ၊ အခြေခံမြန်မာစာဘာသာရပ်၊ သင်္ချာဘာသာရပ်တို့အား အခန်းလိုက်သင်ကြားခြင်းနှင့် ယင်းတို့သင်ကြားခြင်းကို ဗီဒီယိုဖြင့်ပြသသင်ကြားခြင်း၊ စာသင်သား စာသင်ဝိုင်းနှင့် နည်းပြ/ကြီးကြပ်များ စာရင်းကောက်ပုံစံများအား ရှင်းလင်းပြသခြင်း၊ တတ်မြောက်မှုပုံစံများနှင့် ဆန်းစစ်အကဲဖြတ်ပုံစံများအားရှင်းလင်းပြသခြင်း၊ ခရိုင်အဆင့် နည်းပြ၊ ကြီးကြပ်များက စာသင်ဝိုင်းပုံစံဖြင့် အခြေခံမြန်မာစာနှင့် သင်္ချာလက်တွေ့ သရုပ်ပြသင်ကြားခြင်းတို့ကို သင်ကြားပို့ချဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ပြည်ခရိုင်တွင် လူဦးရေနှင့်သန်းခေါင်စာရင်းအရ စာမတတ်သူဦးရေ စုစုပေါင်း ၁၈၆၄၃ ဦးရှိပြီး ယခုနှစ်တွင် ၁၂၃၆ ဦးကို စာသင်ဝိုင်း ၁၀၀ သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ စာသင်ဝိုင်း တစ်ဝိုင်းလျှင် နည်းပြတစ်ဦးနှုန်းဖြင့် နည်းပြ ၁၀၀ ဦး၊ စာသင်ဝိုင်း ၁၀ ဝိုင်းတွင် ကြီးကြပ်တစ်ဦးစီဖြင့် ကြီးကြပ် ၁၁ ဦးတို့က သင်ကြားပို့ချဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ခရိုင်အဆင့် စာတတ်မြောက်ရေးကြီးကြပ်မှုကော်မတီကလည်း အချိန်ပြည့် ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းဖြစ်မြောက်ရေးတွင် နေပြည်တော်ဗဟိုအဆင့်သင်တန်းတက်ရောက်ပြီးခဲ့သူ ပြည်တက္ကသိုလ်ကိုယ်စားပြု ၃ဦး၊ ပြည်ပညာရေးဒီဂရီကောလိပ်ကိုယ်စားပြု ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ (ပြည်) ကိုယ်စားပြု ၃ ဦးတို့က ဆင့်ပွားသင်တန်းပြန်လည်ပို့ချ‌မည်ဖြစ်ပြီး ဌာနဆိုင်ရာများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီပါဝင်အားဖြည့် ပို့ချဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


ကိုဆက်


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)