China Foundation for Peace and Development (CFPD)နှင့် မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

China Foundation for Peace and Development (CFPD)နှင့် မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်အခမ်းအနားကျင်းပ


နေပြည်တော် ဧပြီ ၁၁

China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်အခမ်းအနားကို ယမန်နေ့က နေပြည်တော် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ China Foundation for Peace and Development(CFPD) အဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက China Foundation for Peace and Development (CFPD) အဖွဲ့သည် တရုတ် - မြန်မာချစ်ကြည်ရေးယဉ်ကျေးမှုနှင့် ပညာရေးဖလှယ် ရေးလှုပ်ရှားမှုများ စီမံကိန်းအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူ ၂၀၀၀ကို တရုတ် ယဉ်ကျေးမှုထုတ်ကုန် အခု၅၀၀၊ စာအုပ်တွဲ ၁၀၀ နှင့် ပေါက်ဖော်လစဉ် စာအုပ်အတွဲ ၃၀၀ စုစုပေါင်း တန်ဖိုးငွေကျပ် ၃၅ သိန်း လှူဒါန်း ခဲ့ပါကြောင်း၊ ယခုကဲ့သို့ အခြေခံ ပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာ ကျောင်းများအတွက် အားကစားပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်းပေးသည့်အတွက် အခြေခံပညာဦးစီးဌာနကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ လှူဒါန်းသည့်ပစ္စည်းများသည် ပညာရေးဝန်ကြီးဌာန ကျောင်းသားလူငယ်များအတွက် ဖွံ့ဖြိုးရေးဗလငါးတန်ဖြစ်သည့် ကာယဗလနှင့် လွန်စွာကိုက်ညီပါကြောင်း၊ ကျောင်းသားလူငယ်များ တန်ဖိုးရှိစွာ သုံးစွဲနိုင်ရေးစီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

ယင်းနောက် China Foun-dation for Peace and Develo-pment (CFPD) မြန်မာနိုင်ငံရုံး ကိုယ်စားလှယ် Mr.Wang Lei က လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း မှ Senior President မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr.Li BoBo က အသင်းအား မိတ်ဆက်ပေး၍ နေပြည်တော်ရှိ စာသင်ကျောင်း ငါးကျောင်းသို့ အားကစားပစ္စည်းများနှင့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းများကို လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် စာသင်ကျောင်း ငါးကျောင်း၏ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)