နေပြည်တော်ကောင်စီနယ်မြေ၊ အေလာမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ အရေးကြီး နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် fixed Wing များအားလုံး ပစ်ချဟန့်တားနိုင်ခဲ့ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နေပြည်တော်ကောင်စီနယ်မြေ၊ အေလာမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ အရေးကြီး နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် fixed Wing များအားလုံး ပစ်ချဟန့်တားနိုင်ခဲ့

002

003

004


နေပြည်တော်၊ ဧပြီ ၄

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် အေလာမြို့နယ်တို့ရှိ အရေးကြီး အဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများ အထိတ် တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့် အကြံအစည်များဖြင့် အကြမ်းဖက်သမား များသည် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဧလာမြို့နယ်နှင့် ဇေယျာသီရိမြို့နယ် အနီးတို့မှ Fixed Wing များ လွှတ်တင်ခဲ့ပြီး အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင် နိုင်ရန် ကြံစည်ကြိုးပမ်းလာခဲ့သည်။


ထိုသို့ ကြံစည်ကြိုးပမ်းလာခဲ့မှုအား နေပြည်တော်ကောင်စီနယ်မြေအတွင်း လေကြောင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing များအားလုံးကို လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့သည်။ ထိုသို့ လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့ မှုကြောင့် ၂ စီးမှာ သတ်မှတ်နေရာမရောက်မီ လေထဲတွင် ပေါက်ကွဲပျက်စီးခဲ့ပြီး အခြား Fixed Wing အားလုံး ကိုလည်း ပစ်ချဟန့်တားနိုင်ခဲ့သည်။ အဆိုပါ ပစ်ချဟန့်တားခဲ့မှုကြောင့် မြေပြင်ပေါ်သို့ ပျက်ကျခဲ့ရသည့် Fixed Wing များအနက် ၁၃ စီးအား သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ အနက် ၄ စီးတွင် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ပါရှိလာသဖြင့် စနစ်တကျဖောက်ခွဲ ဖျက်ဆီးခဲ့ရသည်။ အခြားမြေပြင်ပေါ်သို့ ပျက်ကျခဲ့သည့် Fixed Wing များအား သိမ်းဆည်း ရမိရေး အတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ဖြစ်စဉ်များတွင် လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ် အခြေအနေများတွင် ဖြစ်ပေါ်လာသော အခြေအနေ များအား လုံခြုံရေးအရ ချက်ချင်းတုန့်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Pages