အာဆီယံ-ကိုရီးယားဗဟိုဌာန၏ အတွင်းရေးမှူးချုပ်သစ် H.E. Ambassador Kim Jae-shin က မြန်မာသံအမတ်ကြီးအား လာရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-ကိုရီးယားဗဟိုဌာန၏ အတွင်းရေးမှူးချုပ်သစ် H.E. Ambassador Kim Jae-shin က မြန်မာသံအမတ်ကြီးအား လာရောက်တွေ့ဆုံ




ဆိုးလ်၊ ဧပြီ ၂၂

အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre) ၏အကြီးအကဲ အတွင်းရေးမှူးချုပ်သစ် ဖြစ်သူ H.E. Ambassador Kim Jae-shin သည် မြန်မာသံအမတ်ကြီး ဦးသန့်စင်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင်  မြန်မာသံရုံး၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

H.E. Ambassador Kim Jae-shin သည် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre) ၏ အတွင်းရေးမှူးချုပ်သစ်အဖြစ် (၂၀၂၄-၂၀၂၆) သက်တမ်းအတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် စတင်တာဝန်ယူ ထမ်းဆောင်နေပြီဖြစ်ပြီး AKC ၏ ဆဋ္ဌမမြောက်အတွင်းရေးမှူးချုပ် ဖြစ်သည်။

မြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် Ambassador Kim Jae-shin  က ယခုနှစ်သည် အာဆီယံ-ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေး (၃၅) နှစ်ပြည့်နှင့် အာဆီယံ-ကိုရီးယား ဗဟိုဌာန တည်ထောင်ခြင်း (၁၅)နှစ်ပြည့်ခဲ့ပြီဖြစ်သဖြင့် အထင်ကရ နှစ်တစ်နှစ်ဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရင်းနှီးခင်မင်စွာ အပြန်အလှန် ပြောကြားခဲ့ကြသည်။

မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံသည် အာဆီယံတွင် Initiative for ASEAN Integration (IAI) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ IAI Work Plan IV (2021-2025)  ကိုအကောင်အထည်ဖော်လျက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံမှလည်း IAI Work Plan IV ၏ ဦးစားပေးအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပံ့ပိုးပေးပါရန် မေတ္တာရပ်ခံကြောင်း၊ အတွင်းရေးမှူးချုပ် Ambassador Kim နှင့်အတူ AKC ၏လုပ်ငန်းဆောင် တာများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)