HEV/ EV ကားများနှင့်ပတ်သက်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

HEV/ EV ကားများနှင့်ပတ်သက်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဧပြီ ၃

HEV/ EV ကားများနှင့်ပတ်သက်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးခန်းမ ဇဝနသိဒ္ဓိရပ်ကွက် ချင်းရွာအနီးသီရိရတနာလမ်းနှင့် နေကြာ (၈) လမ်းထောင့် နေပြည်တော်၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌ၊ စံကော်မတီဝင်များ၊ ကျွမ်းကျင်မှုစံ ရေးဆွဲကြမည့် Technical Working Group (TWG) အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ NSSA မှ အဖွဲ့ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်၏မူဝါဒများတွင် တစ်ခုအပါအဝင်ဖြစ်သော EV ကားများနှင့်ပတ်သက်၍ လုပ်သားဈေးကွက်နှင့်ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံများရေးဆွဲသတ်မှတ်နိုင်ရေး အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ အလုပ်အကိုင်တစ်ခုအတွက် ကျွမ်းကျင်မှုစံများရေးဆွဲရာတွင် ဝန်ကြီးဌာနတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍မဖြစ်နိုင်သဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ဆက်စပ်ကော်မတီများ၊ ကျွမ်းကျင်မှုစံရေးဆွဲကြမည့် ကျွမ်းကျင်ပညာရှင်များကိုဖိတ်ကြား၍ ညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း။

အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိသည့် NSSA လုပ်ငန်းစဉ်များကို တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍မရသဖြင့် လုပ်ငန်းကဏ္ဍမျိုးစုံအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ NSSA အနေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံရေးဆွဲရန် ၂၇၆ မျိုး စာရင်းရရှိထားပြီး ကျွမ်းကျင်မှုစံ ၉၂ မျိုးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း။

EV ကားများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက်၊ ကော်မတီအလိုက်ဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပေးရန်နှင့် ကျွမ်းကျင်မှုစံရေးဆွဲကြမည့် ကျွမ်းကျင်ပညာရှင်များအနေဖြင့် EV ကားများနှင့်ပတ်သက်၍ လုပ်သားဈေးကွက်နှင့်ကိုက်ညီသော အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံများကို ခေတ်နှင့်အညီရေးဆွဲအတည်ပြုသတ်မှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်းပြောကြားသည်။

အစည်းအဝေးတွင် EV ကားများနှင့်ပတ်သက်၍ ကျွမ်းကျင်မှုစံရေးဆွဲမည့် အလုပ်အကိုင်အမည်များ အတည်ပြုသတ်မှတ်ခြင်း၊ ကျွမ်းကျင်မှုစံရေးဆွဲမည့် Timeline သတ်မှတ်ခြင်း၊ Technical Working Group မှ ကျွမ်းကျင်မှုစံမူကြမ်းရေးဆွဲမှု အခြေအနေကို ပြန်လည်သုံးသပ်နိုင်ရေး ပုံမှန်လစဉ်အစည်းအဝေးကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)