မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာ၌ လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာ၌ လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွား




မလှိုင် ဧပြီ  ၃


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ထန်းတောကျေးရွာတွင် ယနေ့နံနက်(၃) နာရီ (၂) မိနစ်အချိန်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူရှိန်လွန်ကဲပြီး  မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရ သည်။


ဖြစ်စဉ်မှာ ထန်းတောကျေးရွာအုပ်စု၊ ထန်းတောကျေးရွာနေ ဒေါ်သန်းသန်း အသက်(၈၂)နှစ် (ဘ)ဦးသန်းရှိန်၊ ပညာရေးဝန်ထမ်း(ငြိမ်း)၏ နေအိမ်( ပေ ၃၀× ပေ ၂၀ )သွပ်မိုး၊ ကြပ်ခင်း၊ ထရံကာ နှစ်ထပ်အိမ် အောက်ထပ်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူရှိန်လွန်ကဲပြီး  ထရံအားကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးတို့ အနီးကပ်ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇေယျာအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး ၊ မီးသတ် ရေသယ်ယာဉ်(၂)စီး၊ အသုံးပြု၍ ပြည်သူများနှင့် ပူးပေါင်းဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ယနေ့နံနက်(၃)နာရီ(၃၀)မိနစ် တွင် မီးငြိမ်းသွားခဲ့သည်။


မီးလောင်မှုကြောင့် (ပေ ၃၀× ပေ ၂၀ ) သွပ်မိုး၊ ထရံကာနှစ်ထပ်အိမ်(၁)လုံး ၊ (၂၀ပေ×၁၅ပေ) သွပ်မိုး၊ ထရံကာတစ်ထပ်(၁)လုံး၊ (၁၀ပေ×၁၀ပေ) မီးဖိုဆောင်(၁)လုံး မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် (၂)သိန်း ရှိကြောင်းသိရပြီး အခြားလူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းသိရသည်။ အိမ်ရှင် ဒေါ်သန်းသန်းအား မလှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


အောင်ဌေး (မလှိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)