မှော်ဘီခရိုင်၌ ၂၀၂၄-၂၀၂၅ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မှော်ဘီခရိုင်၌ ၂၀၂၄-၂၀၂၅ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

%E1%81%82%E1%81%89


မှော်ဘီ    ၊   ဧပြီ    ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မှော်ဘီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မှော်ဘီခရိုင်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်ဘီလီယံပေါင်း ၅၀.၉၄၈ တန်ဖိုးရှိ လုပ်ငန်းပေါင်း(၆၃)ခုနှင့် တိုင်းဒေသကြီးဘဏ္ဍာရေးရန်ပုံငွေဖြင့် ကျပ်ဘီလီယံပေါင်း ၃၃.၄၄၅ တန်ဖိုးရှိလုပ်ငန်း(၂၁၇)ခုကိုရရှိခဲ့ပြီး မှော်ဘီမြို့နယ်အတွက် ကျပ်ဘီလီယံပေါင်း ၂၉.၅၆၇ နှင့် လုပ်ငန်း(၁၆၇)ခု၊ ထန်းတပင်မြို့နယ်အတွက် ကျပ်ဘီလီယံပေါင်း ၅၄.၂၆၈နှင့် လုပ်ငန်း(၁၁၃)ခု အသီးသီးရရှိကာ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်စျေးနှုန်းအရ ကျပ်ဘီလီယံ ၁၂၇၆.၆၀၂ သန်း၊ တိုးတက်မှုနှုန်း(၃.၈)ရာခိုင်နှုန်းဖြစ်ပေါ်စေရန်၊ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို(၁၉.၀)ရာခိုင်နှုန်းနှင့် (၁.၆)ရာခိုင်နှုန်း တိုးတက်မှုရစေရန်၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို (၄၃.၉)ရုခိုင်နှုန်းနှင့် (၄.၂) ရာခိုင်နှုန်းတိုးတက်မှုရစေရန်၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို(၃၇.၁)ရာခိုင်နှုန်းနှင့် (၄.၅)ရာခိုင်နှုန်း တိုးတက်မှုရစေရန်ရည်မှန်းထားပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ရာ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား ဒေသန္တရစီမံကိန်းတာဝန်များအား အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးတာဝန်များ အသီးသီးပေးအပ်ခဲ့ပါသည်။


ကောင်းမြတ်သူ(မှော်ဘီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages