လွယ်ဂျယ်၊ ဧပြီ ၁၀
KIA အကြမ်းဖက်အဖွဲ့က လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်းများစွာ ထည့်သွင်းထားသော သေတ္တာများ ခိုးယူသွားကြောင်း သိရသည်။
KIA အကြမ်းဖက်အဖွဲ့က ခိုးယူသွားသော ငွေမှာ သိန်းပေါင်း ၁ သောင်းဝန်းကျင်ရှိနိုင်သည်ဟု KIA အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ပြုလုပ်နေသည့် ပြည်ဖျက်မီဒီယာများတွင် ဖော်ပြထားသည်။
ဧပြီလ ၉ ရက်နေ့ က ခလရ ၁၄၂ တပ်အတွင်းမှ တပ်မတော်သားများနှင့် Non- CDM ဝန်ထမ်းများ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ရကြောင်း သတင်းများထွက်ပေါ်လာပြီး KIA အကြမ်းဖက်အဖွဲ့က တပ်အတွင်း ဝင်ရောက်၍ ငွေကျပ် သိန်းပေါင်းများစွာ ခိုးယူသွားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သားများ၏ သတင်းစားမျက်နှာများတွင် "လွယ်ဂျယ်မြို့ ရန်သူလက် ကျရောက်တော့ ဘဏ်ထဲက ပြည်သူအပ်နှံငွေတွေကို KIA က ဖောက်ထွင်းခိုးယူကြပါတယ်" ဟု ရေးသားဖော်ပြမှုများကို တွေ့ရသည်။
#News
No comments:
Post a Comment