ကချင်ပြည်နယ် အထူးဒေသ (၁) အတွင်းရှိ နယ်ခြားစောင့်စခန်းအချို့ကို KIA/PDF ပူးပေါင်းအဖွဲ့မှ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် အထူးဒေသ (၁) အတွင်းရှိ နယ်ခြားစောင့်စခန်းအချို့ကို KIA/PDF ပူးပေါင်းအဖွဲ့မှ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်



မြစ်ကြီးနား၊ ဧပြီ ၁၈

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ကချင်ထူးဒေသ (၁) အတွင်းရှိ နယ်ခြားစောင့်စခန်းအချို့ကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကာ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

ချီဖွေခရိုင် ကချင်အထူးဒေသ (၁) လက်အောက်ရှိ အမှတ်(၁၀၀၁)ဂန်ခွင်းနယ်ခြားတပ်စခန်း၊ ငါမောဇမ်းနယ်ခြားစောင့်စခန်းအား  ယနေ့ ဧပြီလ ၁၆ ရက်နေ့နံနက် ၅ နာရီအချိန်တွင်  KIA၊ PDF ပူးပေါင်းအဖွဲ့တို့မှ အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဧပြီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ကလည်း  (၁၀၀၁)နယ်ခြားစောင့်တပ်၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သည့် မျော်ဂျောင်ကျေးရွာ၊ မျော်ဇန်ကူးစခန်းရှိ နယ်ခြားတပ်ဖွဲ့ (၃)ဦးအား KIA၊ PDF ပူးပေါင်းအဖွဲ့တို့က အင်အား အလုံးရင်းဖြင့် လာရောက်ကာ  ဖယ်ရှားခိုင်းခဲ့သည့်အတွက် နယ်ခြားတပ်ဖွဲ့မှ နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။

ယင်းအပြင် ဧပြီလ ၁၀ ရက်နေ့တွင်လည်း KIA၊ PDF ပူးပေါင်းအဖွဲ့တို့မှ အင်အား ၁၀၀ ခန့်ဖြင့်   ချီဖွေ-ဆော့လော် လမ်းပိုင်းအား ဖြတ်တောက်ကာ ယင်းဒေသရှိ လူငယ်များကို အတင်းအဓမ္မ လူသစ်စုဆောင်းခဲ့ပြီး၊လူငယ် ၃၀ ဦးမှ ၅၀ ဦးထိ လူသစ် စုဆောင်းရန် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

KIA အဖွဲ့သည် ၂၀၁၂ ခုနှစ်ကလည်း အမှတ်(၁၀၀၂) လုပီ နယ်ခြားတပ်အား လာရောက်တိုက်ခိုက်ခဲ့သကဲ့သို့ ယခု ၂၀၂၄ ခုနှစ်တွင်လည်း  အမှတ်(၁၀၀၁)ဂန်ခွင်း နယ်ခြားစောင့်တပ် စိုးမိုးဧရိယာများကို တိုက်ခိုက်သိမ်းပိုက်နေပြီး၊  ဒေသခံပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျကာ ဖိနှိပ်ဆက်ဆံနေကြောင်း သိရသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)