သဖန်းဆိပ်ဆည်အား KIA/PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဖန်းဆိပ်ဆည်အား KIA/PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်


ကျွန်းလှ၊ ဧပြီ ၂၇

ကျွန်းလှမြို့နယ်အတွင်းရှိ သဖမ်းဆိပ်ဆည်အား ယနေ့ ညနေ (၅ ၀၀)နာရီဝန်းကျင်တွင် KIA/PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ၅ချက် လာရောက် ပစ်ခတ်သွားကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော်ဦးဝါသဝ ထံ ဆက်သွယ်မေးမြန်းရာ "ဒီနေ့ ညနေ(၅ ၀၀)နာရီလောက်က လာပစ်သွားတာ ဟုတ်ပါတယ်။  အင်တိုင်းရွာဘက်ကနေ လာပစ်တာပါ။ ပုတီး၊ ဆည်းဆာ၊ ညောင်ကိုင်း က KIA/PDF တွေ ပါတယ်။ ဆည်က ခံနိုင်ရည်အားနည်းလာပြီး တစ်ခုခု ဖြစ်ခဲ့ရင် အဲဒီရွာတွေ အရင်ဆုံး ဒုက္ခရောက်မှာပဲ။ အများပြည်သူလည်း ဒုက္ခရောက်မယ်။ ပြီးရင် ဒီကောင်တွေက လုပ်တတ်တယ်။ ပြည်ဖျက်မီဒီယာတွေကနေပြီးတော့ တပ်မတော်က လုပ်ပါတယ်တို့ လုပ်ကြံပြီး ပြောကြမယ်။ ဆရာတော်ကတော့ အများပြည်သူကို ကြိုပြီး သတိပေးပါတယ်။ KIA/PDF လုပ်လို့ ဒုက္ခရောက်ကြလိမ့်မယ်။" ဟု မိန့်ကြားသည်။

KIA/ PDF အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သဖမ်းဆိပ်ဆည် ရေအားလျှပ်စစ်စက်ရုံအနီးမှ ထရန်စမော်မားများ၊ ဓာတ်တိုင်များ၊ လျှပ်စစ်ဓာတ်ကြိုးများ ပျက်စီးနေပြီဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)