မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များ ဆောင်ရွက်ရန် မြို့နယ်များအား အသုံးစရိတ်နှင့် Laptop တစ်လုံးစီ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များ ဆောင်ရွက်ရန် မြို့နယ်များအား အသုံးစရိတ်နှင့် Laptop တစ်လုံးစီ ထောက်ပံ့ပေးအပ်






မော်လမြိုင် ဧပြီ ၃

ပြည်သူ့စစ်မှုထမ်းကိုယ်​ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်အချက်များ ထည့်သွင်းမှုပုံစံသင်တန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ e – Government အ​ဆောက်အဦ၊ သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ဥက္ကဋ္ဌ (၂) လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ​ကျော်စွာမြင့်၊ အတွင်း​ရေးမှူး၊ ပြည်နယ်အ​ထွေ​ထွေ​အုပ်ချုပ်​ရေးရေးဦးစီးဌာန၊ ပြည်နယ်အုပ်​ရေးမှူး ဦးတိုးဝင်းတို့မှ ကြည့်ရှုအား​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄)ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်တွင် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အသိပညာများကို သေချာစွာလေ့လာ၍ အများပြည်သူများ လိုက်နာနိုင်ရေးအတွက်လည်း လက်ဆင့်ကမ်းအသိပညာပေး ရှင်းလင်းပြောကြားရန်လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်အချက်များ ထည့်သွင်းမှုပုံစံအား စနစ်တကျ​လေ့လာသင်ယူပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ဝေမျှခြင်း၊ လုပ်ငန်းတာဝန်များအား ​ကျေပွန်စွာ ထမ်း​ဆောင်ခြင်းတို့ဖြင့် နိုင်ငံတော်၏ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း ကိုယ်​ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်အချက်များ ထည့်သွင်းမှုပုံစံဆောင်ရွက်ရန် မြို့နယ်များအား Laptop တစ်လုံးစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီးမှ မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်​ထောက်ပံ့​ငွေများ ​ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်း​ရေးမှူး၊ ပြည်နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ပြည်နယ်အုပ်​ရေးမှူးမှ သင်တန်းတက်​ရောက်ကြသည့် ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်များ၊ လျာထားစီမံချက်၊ ကင်းလွတ်ခွင့်ရှိသူများ၊ ရှောင်လွှဲပါက ကျသင့်မည့် ပြစ်ဒဏ်များ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ကာလ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရသည့် အကြောင်းအရင်း၊ စစ်မှုထမ်းစနစ်နှင့်စပ်လျဉ်း၍ ကျင့်သုံးလျက်ရှိသည့် ကမ္ဘာ့နိုင်ငံများအကြောင်းတို့ကို ရှင်းလင်းဆွေး​နွေးခဲ့​ကြောင်း သိရှိရသည်။


စည်သူ 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)