ရွှေတောင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားဖြင့်တင်ရေး ရန်ပုံငွေမှ MSMEလုပ်ငန်းအနေဖြင့် ဆီစက်လုပ်ငန်းများ ချေးငွေရရှိမှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားဖြင့်တင်ရေး ရန်ပုံငွေမှ MSMEလုပ်ငန်းအနေဖြင့် ဆီစက်လုပ်ငန်းများ ချေးငွေရရှိမှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




ရွှေတောင်           ဧပြီ-၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားဖြင့်တင်ရေး ရန်ပုံငွေမှ MSMEလုပ်ငန်းအနေဖြင့် ဆီစက်လုပ်ငန်းများ ချေးငွေရရှိမှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ နှင့်တာဝန်ရှိသူများသည် ယမန်နေ့၊ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ ဆီစက်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့  ကွင်းဆင်းဆောင်ရာသို့  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် ပဲခူးတိုင်းဒေသကြီး၊ ဒု-တိုင်းမန်နေဂျာ၊ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်သက်ထားနွယ်၊ ရွှေတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်မြမြခိုင်နှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်သီသီလှိုင်တို့ လိုက်ပါ၍  ယွန်းတန်းရပ်ကွက်ရှိ ဦးဝင်းလွင်၏ ရွှေတောင်ဆီစက် နှင့် ဦးကျော်ကျော်ဝင်း ၏  K-ဝိုင်းဆီစက်လုပ်ငန်းများ၏ ကုန်ကြမ်း ဝယ်ယူရရှိမှု၊ ဆီသိုလှောင်ထားရှိမှု၊ ကြိတ်ခွဲနေမှု နှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့နောက်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူသည် ရွှေတောင်မြို့ ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)