ခန္တီးမြို့နယ် လောင်ငေါက်ကျေးရွာအနီး NSCN(K)ခွဲထွက်အဖွဲ့မှ ENNO/ENDA အကြမ်းဖက်သမား အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့နယ် လောင်ငေါက်ကျေးရွာအနီး NSCN(K)ခွဲထွက်အဖွဲ့မှ ENNO/ENDA အကြမ်းဖက်သမား အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


ခန္တီး၊ ဧပြီ ၂

ခန္တီးမြို့နယ် လောင်ငေါက်ကျေးရွာအဝင် ဆုံဆည်းရာ စားသောက်ဆိုင်အနီးတွင် ဧပြီလ ၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် NSCN(K)ခွဲထွက် ENNO/ENDA အဖွဲ့မှ ဒုခေါင်းဆောင်အဆင့်ရှိ ရှန်းခန်းအောင်(ခ)ရှန်းမောင် ဦးစီး ၂ ဦးသည် ပြည်သူများသွားလာနေသောလမ်းပေါ်ရှိ မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲများမှ သွားရောက်ရှင်းလင်းတိုက် ခိုက်ခဲ့ရာ NSCN(K)ခွဲထွက် ENNO/ENDA အဖွဲမှအကြမ်းဖက် ၁ လောင်း ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများထံမှ အမ်အေ-၅ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉မမ ကျည် ၄ တောင့်၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ငွေ ၇၀၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)