ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့မှ ခွေးဝဲစားတွေ ပလီပလာ ပြောပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့မှ ခွေးဝဲစားတွေ ပလီပလာ ပြောပြီ





ပြည်ဖျက်မီဒီယာများထဲက တစ်ခုဖြစ်တဲ့ ဝရမ်းပြေး အောင်ဇော် ဦးဆောင်သော ဧရာဝတီ သတင်းဌာနမှာ "ရခိုင်တွင် လူမျိုးရေးပဋိပက္ခအရှိန်မြင့်စေရန် စစ်ကောင်စီလုပ်ဆောင်နေဟု NUG ပြော" ဟူသော ခေါင်းစဉ်နဲ့ ဖော်ပြလာတာကို တွေ့ရပါတယ်။ ဒီသတင်းဖော်ပြချက်နဲ့အတူ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့က ဘယ်လိုတွေ ပလီပလာ လုပ်ကြံလီဆည်ပြီး ရေးသားထုတ်ပြန်ထားသလဲ လေ့လာကြည့်ရအောင်ပါ။

ဧရာဝတီသတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာ "ရခိုင်ပြည်နယ်တွင် စစ်ကောင်စီမှ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအရှိန်မြင့်တက်စေရန် စစ်ကောင်စီ လုပ်ဆောင်နေကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) က ယနေ့ ထုတ်ပြန်ကြောင်း၊ စစ်အုပ်စုက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာများအား အဓမ္မစစ်သားအဖြစ် စု ဆောင်းခဲ့ပြီး စစ်သင်တန်းများပို့ချကာ လက်နက်တပ်ဆင်ပေးလျက်ရှိကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် ရက္ခိုင်တပ်တော် (AA) ကို ရိုဟင်ဂျာများက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့်အတူ အတုအယောင်ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေးပဋိပက္ခ အရှိန်မြင့်တက်လာရန် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း NUG က ဆိုသည်။

ထို့ပြင် ဘူးသီးတောင်မြို့အတွင်း၌ စစ်တပ်က ဦးဆောင်၍ အရပ်သားပြည်သူ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာတွေကို ကိုးကားဖော်ပြထားပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုတွေကတော့ မရိုးနိုင်ပါဘူး။ ဒီလုပ်ရပ်တွေက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်လို့ ပြောရင်လည်း မမှားပါဘူး။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခ ဖြစ်ခဲ့စဉ်ကလည်း ဒေါ်စု၊ မင်းကိုနိုင်တို့က လူမျိုးရေးပဋိပက္ခဖြစ်အောင် အစိုးရက ဖန်တီးနေတာပါလို့ ပြည်ဖျက်မီဒီယာတွေကနေ လုပ်ကြံဖန်တီး ပြောဆိုခဲ့ကြဖူးပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ AA အကြမ်းဖက်အဖွဲ့က ဘင်္ဂါလီများကို အဓမ္မစည်းရုံးသိမ်းသွင်းနေမှု၊ AA နဲ့ မပူပေါင်းတဲ့ ဘင်္ဂါလီရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ရွာထဲဝင်ပြီး ပစ်ခတ်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကို AA အကြမ်းဖက်အဖွဲ့က လုပ်ဆောင်နေပါတယ်။

တကယ်ဆိုရင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ထဲမှာ ဘင်္ဂါလီများကို လူမျိုးလိမ်အမည်နဲ့ အော်ဖို့ လူ့အခွင့်အရေးဝန်ကြီးဌာဆိုပြီး လူ့အခွင့်အရေးအရည်ခြုံ အောင်မျိုးမင်းနဲ့ ဘင်္ဂါလီ တစ်ယောက်က ဦးဆောင်လှုပ်ရှားနေကြပါတယ်။ NUG အကြမ်းဖက်အဖွဲ့သည် လူမျိုးလိမ်အမည် အသိအမှတ်ပြုမှုရဖို့ ငွေကြေးရယူပြီး လုပ်စားတဲ့အထဲမှာ ပါဝင်သူဖြစ်ကြောင်း ငြင်းလို့ မရပါဘူး။ ဧရာဝတီကဲ့သို့သော ပြည်ဖျက်မီဒီယာများကဲ့သို့ပင် လူမျိုးလိမ်နာမည်တစ်လုံးနဲ့ လုပ်စားနေကြတာမှန်ရင် ဘင်္ဂါလီတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် ပြစ်တင်ပြောဆိုရမှာ ဖြစ်ပါတယ်။

သို့ပေသော်လည်း NUG အကြမ်းဖက်အဖွဲ့အနေနဲ့က AA ကိုလည်း အကြမ်းဖက်လှုပ်ရှားမှုမှာ မဟာမိတ်လုပ်ချင်တယ်။ ဘင်္ဂါလီများကို လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြုမှုရဖို့ ငွေကြေးရယူ စားသုံးထားတာ ရှိနေတယ်။ ဘူးသီးတောင်၊ မောင်တော က ဘင်္ဂါလီများကလည်း AA အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းခြင်း မရှိတဲ့အခါကြတော့ တပ်မတော်ဘက်ကိုဘဲ  မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုမှုတွေနဲ့ ပြစ်တင်ပုံချပြီး ပြောဆိုလာတာမျိုး ဖြစ်ပါတယ်။

ဒီနေရာမှာ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများအနေနဲ့လည်း မိမိတို့ ကူညီပံ့ပိုးပေးထားတဲ့ NUG အပါအဝင် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Myanmar Now, Khit Thit Media အစရှိသော ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများသည် အိုအိုင်စီ အလိုကျ လူမျိုးလိမ်နာမည်တပ်ပြီး ရေးသားဖော်ပြနေသော်လည်း မြေပြင်မှာ ဘင်္ဂါလီတွေအပေါ် အတိဒုက္ခရောက်အောင် လုပ်နေတဲ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ရေးသားဖော်ပြခြင်းမရှိဘဲ လိမ်ညာဝါဒဖြန့် ရေးသားနေတာတွေကိုလည်း ဆင်ခြင်တုံတရားနဲ့ သိဖို့ သင့်ပါတယ်။

အစိုးရအနေနဲ့ ၂၀၁၂ ခုနှစ် ဘင်္ဂါလီများက ARSA အကြမ်းဖက်အဖွဲ့အမည်ခံပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတဲ့အချိန်မှာ အကြမ်းဖက်ကို နှိမ်နင်းတယ်။ အကြမ်းဖက်ဘေးအန္တရာယ်ကြုံရတဲ့ ဒေသခံ ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးတယ်။

အခုရခိုင်ပြည်နယ်အတွင်းမှာ AA အကြမ်းဖက်အဖွဲ့က အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာပြီး ဘင်္ဂါလီတွေကို သူတို့ရဲ့ စစ်သားအဖြစ် အသုံးပြုဖို့အတွက် လုပ်ဆောင်လာတဲ့အချိန်မှာ ဘင်္ဂါလီတွေကို ကာကွယ်မှုပေးထားတယ်။ အစိုးရရဲ့ ဆောင်ရွက်ချက်က တိုင်းရင်းသားမို့လို့၊ ခိုးဝင်မို့လို့ ခွဲခြား ဆက်ဆံတာမျိုး မရှိပါဘူး။ ဥပဒေဘောင်အတွင်းမှာ နေထိုင်သူကို ကာကွယ်မှုပေးမယ်။ အကြမ်းဖက်လုပ်ရပ် ကျူးလွန်လာသူကို နှိမ်နင်းဖို့ တာဝန်ရှိသည့် အလျှောက် နှိမ်နင်းမယ်။

ရခိုင်ပြည်နယ်အတွင်းမှာ AA အကြမ်းဖက်အဖွဲ့က လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရှင်းလင်းပြောကြားချက်မှာ -

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ၊ အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် AA အဖွဲ့အနေနဲ့လည်း AA အဖွဲ့က တပ်မတော်က လုပ်ဆောင်တယ်။ တစ်ချို့ဘူးသီးတောင်မှနေတဲ့ မွတ်ဆလင်တွေက လုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့ စွတ်စွဲချက်များထွက်ပေါ်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ The Indian Express ဆိုတဲ့ သတင်းဌာနကလည်း ဒါနဲ့ပတ်သက်ပြီး ရေးသားနေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် အကြမ်းဖက်AA ခေါင်းဆောင် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာ နိုင်ငံမှာ ဟိန္ဒူဘာသာဝင် ၁၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ တွေက ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီရေးသားချက် များ ဖော်ပြချက်များသည် ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်၊မောင်တောဒေသမှာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားအောင် တပ်မတော်နဲ့ လုံးခြုံရေးတပ်ဖွဲ့ဝင်တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် ယုတ်မာတဲ့ လုပ်ကြံဖန်တီးရေးသားမှုများသာဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ မီဒီယာကိုလည်း ကျွန်တော်တို့ အနေနဲ့အပြင်းအထန်ရှုတ်ချပါတယ်၊ ကန့်ကွက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆို လို့ရှိရင် ပထမဦးဆုံး ကျွန်တော်တို့ ဘူးသီးတောင်၊ ရပ်ကွက်ကြီး ၅ ပေါ့ ။ အမှတ် ( ၅ ) ရပ်ကွက်ဆိုတဲ့ဟာကို အကြောင်းကို ကျွန်တော်ပြောပြချင်ပါတယ်။ အမှတ်(၅)ရပ်ကွက်ဆို တာ ‌မောင်တောဘက်ကနေဝင်ရင် ကျွန်တော်တို့ ကားလမ်းရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ရပ် ကွက်ပဲဖြစ်တယ်။ သူ့ရဲ့အဝင်ဝမှာ ကျွန်တော်တို့ WFP ရဲ့ ဂိုဒေါင်တွေ၊ ယခင်တုန်းက ကျွန်တော်တို့ ဒုက္ခသည်တွေကူညီဖို့အတွက် ဆန်တို့ ဂျုံတို့ထားတဲ့ ဂိုဒေါင်တွေရှိတဲ့ နေရာဖြစ် ပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာ AA ကနေစတင်တိုက်ခိုက်ခဲ့ကတည်းကတိုင် အမှတ်(၅)ရပ် ကွက်မှာ လူနေတာတော်တော်နည်းပါတယ်။ ဒီအမှတ်(၅)ရပ်ကွက်ကလူတွေသည် ဘူးသီး တောင်မြို့ရဲ့ အနောက်တောင်ဘက်ပေါ့ ။ ဘူးသီးတောင်မြို့ကိုရေပေးနေတဲ့  ကန်တော်ကြီး အဟောင်းအသစ်ရှိတဲ့ နေရာတစ်ဝိုက်ကဖြစ်တယ်။ သူတို့သည်အများအားဖြင့်ကတော့ မြို့ထဲ မှာ ရွေ့ပြောင်းနေထိုင်တာဖြစ်တယ်။ အဲဒီမှာတော် ကျွန်တော်တို့ အဲရပ်ကွက်မှာ ဟိန္ဒူတွေ ရော ၊ မွတ်ဆလင်တွေရော ၊ ရခိုင်တိုင်းရင်းသားတွေရော နေထိုင်တဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ဒီဘူးသီးတောင်၊ မောင်တောဒေသပေါ့နော် ။  ဘူးသီးတောင် ၊ မောင်တောဒေသမှာ ဘူးသီးတောင်မြို့ရဲ့ထူးခြားချက်ကိုအရင်ပြောချင်တယ်။ ဘူးသီးတောင်မောင်တောဒေသမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်ပွားတိုင်း ဖြစ်ပွားတိုင်းမှာ ဘူးသီးတောင်မြို့သည် အများအားဖြင့် တော့ လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်တဲ့မြို့ ဖြစ်ပါတယ်။ ဘာကြောင့်ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်လည်းဆိုတော့ အဲဒီမှာရှိတဲ့မွတ်ဆလင် အဖွဲ့ အစည်းတွေ၊ ရခိုင်အဖွဲ့အစည်းတွေ၊ တပ်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့စတဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အစိုးရဝန်ထမ်းတွေက အမြဲတမ်းညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်လုပ်ခဲ့တဲ့ အတွက် ဘူးသီးတောင်မြို့ပေါ်မှာ မွတ်ဆလင်မ်အများစုနေထိုင်တယ်ဆိုပေမယ့် ပဋိပက္ခ အနည်းငယ်ရှိကောင်းရှိမယ်။ ကြီးကြီးမားမားဖြစ်တဲ့ဖြစ်ရိုးဖြစ်စဉ်မရှိခဲ့ဘူး။ ဒီအချိန်ကျမှ AA အနေနဲ့ ဒါကို လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။

လူမျိုးရေး ပဋိပက္ခဖန်တီးမှု လုပ်ကြံဖန်တီး စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က "၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ ကျောက်နီမော်ကိစ္စ၊ မသီတာထွေးကိစ္စ တွေဖြစ်ပွားခဲ့တာရှိပါတယ်။ ကျန်တဲ့ပဋိပက္ခတွေလည်းဖြစ်ပွားခဲ့တာတွေ လည်းရှိခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ပြည်သူလူထုရှင်းရှင်းလင်းလင်းသိဖို့က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုး ရေးပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာအဖွဲ့အစည်း တွေက ဘယ်တုန်းကမှစတင်ခဲ့တာမရှိဘူး။ လူမျိုးစုဘက်တစ်ဘက်ဘက်ကသာ စတင်ခဲ့တာ ရှိတယ်။ အဲဒီစတင်ခဲ့တဲ့ ပဋိပက္ခတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးအဖွဲ့ အစည်းတွေနဲ့ အစိုးရဝန်ထမ်းတွေကပဲ ပြန်လည်ထိန်းသိမ်းရတာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခဖြစ်ရင် ဘယ်လောက်အထိ ထိန်းသိမ်းရခက်ခဲတယ်ဆိုတာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းပိုင်းအားလုံးသိတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ လူမျိုးရေးပဋိပက္ခ ဘယ်တုန်းကမှလည်း မဖန်တီး ခဲ့ဘူး။ ပဋိပက္ခဖြစ်လာရင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာတွေ သည် ခေါင်းခံရတယ်၊ တာဝန်ခံရတယ်ဆိုတာ သိပြီးဖြစ်တယ်။ ဘယ်လောက်ခက်ခဲတယ် ဆိုတာသိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ ဘယ်တုန်းကမှလုပ်ဆောင်ခဲ့တာမရှိပါဘူး။ ပဋိပက္ခ တွေဖြစ်ပွားလို့ ထိန်းသိမ်းလုပ်ဆောင်တဲ့နေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန် ထမ်းတွေကို ဘယ်ဖက်ကလိုက်တယ်၊ ညာဖက်ကလိုက်တယ် ဒီလိုမျိုးစွပ်ဆွဲချက်တွေ ရှိကောင်းရှိတယ်။ ဘယ်တုန်းကမှလည်းမစတင်ခဲ့ဘူး။ နောင်မှာလည်း စတင်မှာမဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောချင်တယ်။" လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ပြောဆိုချက်မှာ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က "AA ဝင်လာမှသာ လူမျိုးရေးနဲ့ပတ်သက်ပြီး လှုံ့ဆော်နေ တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမှာ ဖြစ်ပွားခဲ့တဲ့ အခြေ အနေတွေကိုပြောနေရင် အများကြီးရှည်သွားမယ်။ ဒါကြောင့်မလို့ ဘူးသီးတောင်ဒေသမှာ ယခု အနီးကပ်ဆုံးဖြစ်ခဲ့တဲ့အခြေအနေတွေကိုပဲ ကျွန်တော်ပြောပါမယ်။ ၂၀၁၃ ခုနှစ် ၁၂ လပိုင်းမှာ ဘူးသီးတောင် နန်းရာကုန်း ကျေးရွာအုပ်စုမှာ AA က ဘူးသီးတောင်မြို့ ပတ်ဝန်း ကျင်မှာရှိတဲ့ မူးဆလင်ရွာတွေကို ရွာတစ်ရွာမှာသုံးယောက်မလာမနေရဆိုပြီး အစည်းအဝေး ခေါ်တယ်။ အစည်းအဝေးခေါ်ပြီးတော့ မူဆလင်တွေကို သူတို့နဲ့ပူးပေါင်းဖို့ စတင်ပြောခဲ့ တယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာပဲ ဘူးသီးတောင် ရပ်ကွက် (၄) မှာနေတဲ့ အာမန်နဲ့ ရှော်ရှနီ ဆိုတဲ့ မူဆလင်နှစ်ယောက်ကို AA က ဖမ်းဆီးသွားတယ်။ အဓိကကတော့ တပ်မတော်နဲ့ပူးပေါင်း တယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်တယ်။ ဒီနေ့အထိ ပြန်လွတ်လာခြင်း မရှိဘူး။ အဲ့ဒီလိုဖမ်းဆီးတဲ့အပြင် ဖမ်းဆီးပြီးနောက်ပိုင်းမှာလည်း ပူးပေါင်းရင်သူတို့လို ဖမ်းဆီးခံရမယ် ဆိုပြီး ခြိမ်းခြောက်တာမျိုးရှိခဲ့တယ်။ နောက်တစ်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဘူးသီးတောင် ကျောက်ဖြူသားသေကံ‌ကျေးရွာအုပ်စု မနက် ၁၀ နာရီမှာ AA က နိုင်ငံရေးမှူးတို့ စစ်ဒေသမှူးတို့အမည်ခံထားတဲ့သူ ၂၀ လောက်က မူဆလင်ကျေးရွာတွေ အားလုံးကို အစည်းအဝေးခေါ်တယ်။ ခေါ်ပြီး မူဆလင်ကျေးရွာများကို ကျေးရွာတစ်ရွာမှာ လူ ၁၀ ယောက်ဆီသူတို့ AA နဲ့ပူးပေါင်းဖို့ ဆောင်ရွက်ပေးဖို့ ပြောတယ်။ AA ကိုထည့် ပေးဖို့ပြောတယ်။ မပေးနိုင်ဘူးဆိုရင် သူပုန်ရွာတွေအဖြစ်သတ်မှတ်မယ်ဆိုပြီး ပြောခဲ့တာမျိုး ရှိပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာတော့ ညောင်ချောင်းမှာပဲ မူဆလင် ကျေးရွာ တွေက ကျေးရွာ လူကြီးတွေ၊ တာဝန်ခံတွေ ငါးယောက်ကိုခေါ်တယ်။ ခေါ်ပြီးတော့ သူတို့တောင်းထားတဲ့လူ တွေရပြီလား။ အမြန်ဆုံးပေးဖို့ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲ့ဒီလမှာပဲ ဘူးသီးတောင်မြို့ရဲ့ အနောက်ဖက်မှာရှိတဲ့ မူဆလင်ကျေးရွာတွေဖြစ်တဲ့ လက်ဝဲဒက် ပုဇွန်ချောင်းကျေးရွာကို AA ဝင်ရောက်လာပြီးတော့ သူတို့နဲ့မပူးပေါင်းဘူးဆိုပြီး ရွာတစ်ရွာ လုံးကိုမီးရှို့ခဲ့တယ်။ အဲ့ဒီလို မီးရှို့ခဲ့တဲ့အတွက် အဲ့ဒီက ဒုက္ခသည်တွေအားလုံးကို မူဆလင် ဒုက္ခသည်တွေအားလုံးကို ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေအနေနဲ့ မြို့ထဲကိုပြောင်းရွှေ့ပေးရတာ ရှိပါတယ်။" လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့အနေနဲ့ မိမိတို့ကို ငွေကြေးပံ့ပိုး ကူညီပေးထားတဲ့ သူတွေရဲ့ မျက်နှာကိုမှ မထောက် AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်လိမ်ညာပြီး တပ်မတော်အပေါ် ပစ်တင်ပုံချပြီး လုပ်ကြံဖန်တီး ထုတ်ပြန်တာမျိုးက လူမျိုးလိမ်အမည်တစ်လုံးအတွက် ငွေကြေးသန်းပေါင်းများစွာ ထောက်ပံ့ပေးနေသူတွေကို လိမ်စားရာ ရောက်မနေဘူးလား။ အစဉ်အဆက် လိမ်စားခဲ့ကြသူတွေ ဖြစ်လေတော့လည်း လိမ်ဖို့ ညာဖို့ ဝန်မလေးတဲ့ သဘောမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ခိုးဝင်ဘင်္ဂါလီများက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာတဲ့အချိန်မှာ ရခိုင်အမျိုးသားရေးဝါဒီတွေနဲ့ လက်တွဲပြီး အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ခဲ့ပါတယ်။ ယနေ့ မျက်မှောက် ဖွဲ့စည်းထားတဲ့ အမျိုးသားရေးအသင်းအဖွဲ့များ ဆိုသည်ကလည်း ရခိုင်ပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ခိုးဝင်ဘင်္ဂါလီ အကြမ်းဖက်မှုကြောင့် အားလုံးနိုးကြားလာတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ 

တည်ငြိမ်အေးချမ်းမှုအပြည့် ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အုပ်စု ဝင်လာတော့မှသာ လူမျိုးရေး ပဋိပက္ခဆီ ဦးတည်တဲ့ ပြဿနာတွေ ဖန်တီးလာတာကတော့ လယ်ပြင်မှာ ဆင်သွားသည်ထက် ထင်ရှားပါတယ်။ ကျုပ်တို့ရဲ့ ရပ်တည်ချက်က အကြမ်းဖက်မှုကို မလိုလားတာဖြစ်တဲ့အတွက် ဘင်္ဂါလီက အကြမ်းဖက်တာကိုလည်း မလိုလားပါဘူး။ CRPH, NUG, PDF က အကြမ်းဖက်နေတာကိုလည်း မလိုလားပါဘူး။ AA က အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတာကိုလည်း မလိုလားပါဘူး။

ကျုပ်တို့ရဲ့ သစ္စာတရားကတော့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများထံမှ ငွေကြေးရယူစားသုံးပြီး တိုင်းဖျက် ပြည်ဖျက် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တဲ့ မည်သည့်လုပ်ရပ်မျိုးမဆို ဆန့်ကျင်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့အနေနဲ့တော့ ဘင်္ဂါလီလူမျိုးများကို အကြောင်းပြုပြီး လူမျိုးလိမ်နာမည်တစ်လုံးနဲ့ လုပ်စားနေသူများ ဖြစ်တဲ့အတွက် ဘင်္ဂါလီများအပေါ် အကြမ်းဖက်နေသူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ပြည်ပ အထောက်အပံ့ယူပြီး တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ ပြည်ဖျက်မိစ္ဆာများ လိမ်ညာ ဖန်တီး ထုတ်ပြန်ပြောဆိုမှုတွေ ကို ရပ်တန်းက ရပ်ပါ။

NUG နဲ့ ပြည်ဖျက်မီဒီယာတွေကို ကူညီပံ့ပိုးပေးပြီး မြန်မာပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ အိုအိုင်စီအဖွဲ့အနေနဲ့လည်း NUG နဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ ယုတ်မာအောက်တန်းကျစွာ လိမ်ညာပြီး ငွေကြေးရယူစားသုံးနေတာတွေကို သိပါ။ အေးချမ်းစွာ နေထိုင်လိုတဲ့ ဘင်္ဂါလီတွေကို စာနာတတ်ကြပါစေ။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)