တနင်္သာရီမြို့နယ်တွင် PDF အကြမ်းဖက်သမား ၂လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်တွင် PDF အကြမ်းဖက်သမား ၂လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ







တနင်္သာရီ၊ ဧပြီ ၁

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာနှင့် သမုတ်ချုံးကျေးရွာအကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် ၃၀.၃.၂၀၂၄ရက်‌နေ့က PDFအကြမ်းဖက်သမားများက မော်တော်ယာဉ်များအား တားဆီးစစ်ဆေး ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်နယ်မြေရှင်းလင်း ခဲ့ရာ PDF အကြမ်းဖက်သမား ၂လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်သမားများထံမှ အမ်-၁၆ (ပြောင်းတို) သေနတ် ၁ လက်၊ ၉ လုံးကျည် လက်လုပ်သေနတ် ၁ လက်၊ ၉ လုံးကျည် ၂၅ တောင့်၊ အမ်-၁၆ ကျည် ၃၀ တောင့်၊ အမ်-၁၆ ကျည်အိမ် ၁ ခု၊ လက်လုပ်  UAV ၂ စင်း၊  DJI Drone  ၁ စင်း၊ လက်လုပ်မိုင်း ၆ လုံး၊ လက်လုပ် Drop Bomb  ၉ လုံး၊ အိုင်ကွန် ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများမှာ ဒေသခံပြည်သူများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေပြီး လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့် ဓားပြတိုက်သည့် လုပ်ရပ်များကိုလည်း စဉ်ဆက်မပြတ် ကျူးလွန်လျက် ရှိသည်။


Photo - Hmine Wai

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)